ကလေးငယ်လေးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူတွေကို ထောင်သားတွေက ပေးတဲ့အပြစ်ဒဏ်လို့ပဲဆိုမလား။ Brazil နိုင်ငံအကျဉ်းထောင်မှာ ကလေးငယ်လေးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ Xavierဆိုသူအမျိုးသားဟာ ထောင်တွင်းမှာ သုနဲ့အတူရှိတဲ့ အကျဉ်းသားတွေရဲ့ ရက်ရက်စက်စက်အပြစ်ပေးတာကို ခံခဲ့ရပါတယ်။

အသက်၂၅နှစ်အရွယ်ရှိ Jujitsu လေ့ကျင့်သင်ကြားရေးဆရာဖြစ်သူ Daryell Dickson Meneses Xavier အမည်ရအမျိုးသားတစ်ဦးဟာ သူ့ရဲ့၈လအရွယ် Miguel Star အမည်ရသားလေးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့အမှုကို ကိုယ်တိုင်ဝန်ခံပြီး ထောင်ကျခဲ့တာဖြစ်ပါတယ်။ ဒီအမှုကြောင့် သူ့နာမည်ဟာ လူသိများခဲ့ပြီး ထောင်ထဲမှာ တူညီတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ သူနဲ့ထောင်တွင်းအတူနေထိုင်သူထောင်သားတွေဟာ သူ့ကို အကြိမ်၂ဝထက်မနည်း အဓမ္မကျင့်ခဲ့ပါတယ်။

ထောင်သားတွေဟာ ကလေးငယ်အတွက် တူညီတဲ့ဒဏ်ကိုခံစားစေရဖို့ရည်ရွယ်ပြီးလုပ်တာလားဆိုတာ အတည်မပြုနိုင်ပေမယ့် Xavier တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံခဲ့ရပါတယ်။ ဒါပေမယ့် အဖြစ်အပျက်က ဒီမှာပြီးသလားဆိုတော့ မဟုတ်ပါဘူး။ ဆေးကုသပြီးထောင်ထဲပြန်ရောက်တဲ့အချိန်မှာ ထပ်မံပြီး သူဟာ လိင်တူချင်း အနိုငိကျင့်ခံရပါတော့တယ်။ ဒီအချိန်မှာတော့ သူ့ကျောပြင်နဲ့ စအိုနေရာမှာ သိသိသာသာအပြင်းအထန်ဒဏ်ရာရှိခဲ့ပါတယ်။ 

သူ့ရဲ့ဓာတ်ပုံတွေအင်တာနက်မှာပြန့်ပြီးနောက် အင်တာနက်အသုံးပြုသူတွေဟာ ဒီလိုလူမျိုး ဒီလိုခံရမှကောင်းတယ်လို့ပြောကြားခဲ့တဲ့သူတွေရှိသလို၊ တစ်ချို့တွေကလဲ ကြားထဲကထောင်သားတွေအမြတ်ထုတ်အနိုင်ကျင့်တာလားဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဘာပဲပြောပြော Xavier တစ်ယောက် တရားသူကြီး အမိန့်မချခင်မှာ သူ့အနေနဲ့ တူညီတဲ့အပြစ်ဒဏ်ကို ခံစားခဲ့ရပြီးပြီဖြစ်ပါတယ်။

Source : thecontroversialfiles

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။