အဆိုတော်အစ္စဏီကိုတရားစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ချင်းခံနေတဲ့မော်ဒယ်မလေးစူးရှ ထက်ကတော့ဒီနေ့မှာပရိသတ်တွေအားလုံးမျက်လုံးပြူးမျက်ဆံပြူးသွားစေမယ့် ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပါတယ်။သူမရဲ့ ဗီဒီယိုဖိုင်လေးကတော့ လူမှုကွန်ယက်မှာအရမ်းကိုပျံနှံ့နေပြီး သာမာန်အနေနဲ့ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ရိုင်းတယ်ထင်ရပေမယ့် ဟာ သ သဘောလေးနဲ့ ကြည့်တဲ့ပရိသတ်တွေကတော့အရမ်းကိုသဘောကျနေကြပါတယ်။

သူမရဲ့ ဗီဒီယိုဖိုင်လေးထဲမှာတော့ လူမှုကွန်ယက်ပေါ်မှာရေပန်းစားတဲ့ အပြာကားကြည့်လားဆိုတဲ့ မေးခွန်းလေးကို အမေးအဖြေ လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဒီလိုရိုင်းတယ်ထင်ရတဲ့ စကားလုံးလေးတွေကိုတောင် သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့သရုပ်ဆောင်လိုက်တော့ အသဲယားစရာကောင်းပြီးအရမ်းကိုချစ်ဖို့ကောင်းသွားပါတယ်နော်။စူးရှထက်ကတော့ အခုလိုချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ပရိသတ်တွေကိုသဘောခွေ့စေ သလိုတစ်ခါတစ်ခါမှာလည်း အမိုက်စားကောက်ကြောင်းတွေနဲ့လည်းပရိသတ်တွေကိုရင်ခုန်စေသူလေးပဲဖြစ်ပါတယ်။

လက်ရှိလူမှုကွန်ယက်ပေါ်မှာလည်း ခေတ်ရေစီးကြောင်းအရရေပန်းစားလာတဲ့ Challengeလုပ်တဲ့ဗီဒီယိုဖိုင်လေးတွေဟာသဗီဒီယိုဖိုင်လေးတွေကတော့ အမြဲတစေမြင်တွေ့နေရတာပဲဖြစ်ပါတယ်။စူးရှ ထက်ကလည်းလူမှုကွန်ယက်မှာရေပန်းစားနေတဲ့ Trendလေးနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်မှုလေးအဖြစ်သရုပ်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဟာသသဘောလေးရိုက်ကူးထားတဲ့ဗီဒီယိုလေးဖြစ်တာကြောင့်ဟာသအမြင်လေးနဲ့ပဲကြည့်ပေးကြပါနော်။ချစ်စရာကောင်းတဲ့စူးရှထက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်းပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။