ပြည့်သူအချစ်တော်မင်သမီးချောလေးဖွေစိန်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးတွေနဲ့ မအားမလပ်တဲ့ကြားကနေ ကြော်ငြာရိုက် ကွင်းတွေပေါ်မှာလည်း မြင်တွေ့နေရပါတယ်။ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ဆတိုးလုပ်ဆောင်နေတဲ့ဖွေးစိန်လေး ကတော့လက်ရှိမှာလည်း အမျိုးသမီးဝတ် Sweety ဇာဘော်လီ ကြော်ငြာလေးရိုက်ကူးနေပြန်ပါတယ်။ကြော်ငြာရိုက်ကွင်းပေါ်က အမျိုးမျိုးသောပိုစ့်လေးတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမလှ လေးတစ်ယောက်အဖြစ်နဲ့ ကျက်သရေရှိစွာလှနေတာပဲဖြစ်ပါတယ်။

သူမကတော့ခေတ်ပေါ်အဝတ်အစားတွေနဲ့ အရမ်းကိုကြည့်ကောင်း ပြီးစမတ်ကျသလိုအခုလိုမြန်မာဝတ်စုံလေးတွေလည်းအရမ်းကို ကျက်သရေရှိလှပါတယ်နော်။ဒါ့အပြင်ခြေလှမ်းတိုင်းက ယုံကြည်မှုအပြည့်နဲ့လျောက်လှမ်းလာတဲ့ သူမရဲ့အမိုက်စားပွဲတက်ဝတ်စုံပုံရိပ်လေး တွေဟာလည်းပရိသတ်တွေရင်ဘက်ကိုဒဲ့ထိစေတယ်ဆိုတာအသေအချာပါပဲ။ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာတိုင်းသူမရဲ့ လှုပ်ရှားမှုတိုင်းက ပရိသတ်တွေရဲ့ ရင်ဘတ်ကိုတိုက်ရိုက်တိုက်ခတ် လာတဲ့မုန်တိုင်းငယ် လေးတစ်ခုပဲ ဖြစ်ပါတယ်နော်။ 

အဖြူရောင်ဝတ်စုံလေးတွေနဲ့သိပ်ကိုချစ်ဖို့ကောင်းတဲ့ ဖွေးစိန်ကတော့ ဒီနေ့ရိုက်ကူးတဲ့ Sweety ဇာဘော်လီကြော်ငြာရိုက်ကွင်း လေးမှာလည်း အလိုက်ဖက်ဆုံးသောအဖြူလေးနဲ့ လုံးဝအဖြူထည်လေးလှနေတာပဲဖြစ်ပါတယ်။ဖွေးစိန်ကတော့ Sexy ကျစရာမလို ဖော်ချွတ်စရာမလိုပဲ တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမလှလေးတစ်ယောက်အဖြစ်နဲ့ ကြော်ငြာပစ္စည်းကိုထိထိရောက်ရောက်ပံ့ပိုးပေးခဲ့တာလို့ဆိုရပါမယ်။ ဖွေးစိန်ရဲ့ လုံလုံခြုံခြုံလေးနဲ့အေးချမ်းတည်ငြိမ်တဲ့အလှတွေနဲ့ လှနေတဲ့ ပုံရိပ်လေးတွေရယ် ရိုက်ကွင်းပေါ်မှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဖွေးဖွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။