ပရိသတ်ကြီးရေ ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့နှစ်ဦးကတော့ Mrtv 4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က ''အမုန်းမှသည်'' ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်အချစ်တွေကို အရယူခဲ့သလို ပိုးကြာဖြူခင်ကလည်း '' ဝင်္ကပါစံအိမ်၊ ဥယျာဉ်မှူးဖြစ်ဖူးချင်သည် '' ဆိုတဲ့တဲ့ ဇာတ်လမ်းတွဲလေးကနေ အားလုံးရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်တဲ့ သူတို့နှစ်ဦးက အခုလည်း ဇာတ်လမ်းတွဲလေးတစ်ခုမှာ အတူတတွဲ သရုပ်ဆောင်ထားရပါသေးတယ်။

"မိုးကောင်းကင်အိပ်မက်'' ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ သူတို့နှစ်ဦးက ကာရံဟိန်းနဲ့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားရတာ ဖြစ်ပါတယ်။ အဆိုတော်မလေးဖြစ်တဲ့ ဆိုင်းမိုင်ကို ကာရံဟိန်းက အချစ်ကြီးချစ်မိနေတဲ့ ကောင်လေးအဖြစ် သရုပ်ဆောင်ထားရတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ကြည့်ရှုမှုများပြားနေတဲ့ ဒီဇာတ်လမ်းလေးထဲက သူတို့နှစ်ဦးကို ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ သူတို့နှစ်ဦးက ကြော်ငြာတွေအတူရိုက်ကူးနေရသလို အလုပ်ကိစ္စတွေကြောင့်လည်း မကြာခဏဆုံတွေ့နေရပါတယ်။ အခုလည်း သူတို့နှစ်ယောက်က Myanmar GotTalent '' final ပွဲလေးကို အတူတက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်။ လိုက်ဖက်ပြီးချစ်စရာကောင်းတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေက အပြင်မှာပါ ချစ်သူဖြစ်စေချင်ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင် တို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။