ကိုရီးယား အနုပညာရှင် စုံတွဲသစ်လေးတစ်တွဲ ထွက်ပေါ်လို့လာပြန်ပါပြီ ။ လက်ရှိမှာ Witch's Love ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ထားတဲ့ မင်းသား Hyun Woo ကတော့ ခုလက်ရှိ ကိုရီးယားမှာ ထုတ်လွှင့်နေတဲ့ Witch's Love ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်အဖြစ်ပါ၀င်ထားပြီး အဲဒီ ဇာတ်ကားလေးဟာလည်း လူကြိုက်များတဲ့ အချစ်ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်လို့နေပါတယ် ။ 

သူနဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းထွက်လာတဲ့မင်းသမီးလေးကတော့ Pyo Ye Jin ပါ ။ သူမလေးကိုလဲ မြန်မာပရိတ်သတ်တွေကောင်းကောင်းသိကြမယ်ထင်ပါတယ် ။ ကိုရီးယားမှာရော မြန်မာမှာပါ အရမ်းဟော့ဖြစ်ခဲ့တဲ့ “What’s Wrong with Secretary Kim.” ဇာတ်ကားထဲမှာ ပါ၀င်ခဲ့တဲ့ ဇာတ်ပို့မင်းသမီးလေးတစ်လက်ပါ ။ သူမနဲ့ မင်းသား Hyun Woo နဲ့ကတော့ 2017 မှာ ထုတ်လွှင့်ခဲ့တဲ့ Laurel Tree Tailors ဆိုတဲ့ ဇာတ်ကားမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ 

သူတို့နှစ်ယောက်ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာစဉ်မှာတော့ နှစ်ဖက်စလုံးရဲ့ အေဂျင်စီတွေကနေ သူတို့ တွဲနေတာ သုံးလလောက်ရှိပါပြီလို့ တရားဝင် ထုတ်ပြန်မှုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ် ။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေကနေ အနေနီးစပ်လာပြီး နားလည်မှုတွေရကာ လက်တွဲသွားကြတဲ့သူတို့နှစ်ဦးအတွက် ပရိတ်သတ်တွေကလည်း ၀မ်းသာဂုဏ်ပြုပေးနေပါတယ် ။ လက်ထောက် Secretary လေးကတော့ ချစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝခရီးလမ်းလေးကို လျှောက်လှမ်းတော့မှာပါတဲ့ ။ ပရိတ်သတ်တို့ရော သဘောတူကြရဲ့လား ။

သတင်းအရင်းမြစ် soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။