ဒီမေးခွန်းကတော့ ဒီနေ့ခေတ်က မိန်းကလေးတွေတော်တော်များများ သိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ။ လိင်တူလွတ်လပ်ခွင့်တွေ၊ လိင်တူ ပေါင်းသင်းဆက်ဆံမှုတွေများပြားလာတဲ့ ဒီနေ့ခေတ်မှာ မိန်းကလေးတွေအားလုံး ကိုယ့်ချစ်သူက ယောကျာ်းအစစ်လား၊ အတုလား ဆိုတာကို သိဖို့လိုအပ်နေပြီလို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ မိန်းကလေးတွေရဲ့ ရင်တွင်းပဟေဋိတွေကို ဖြေရှင်းပေးဖို့အတွက် အခုဆောင်းပါးကို ဖတ်ကြည့်လိုက်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

၁။ လိင်တူစိတ်ဝင်စားသူယောကျာ်းလေးတွေမှာ စင်္ကြာပုံစံ ဗွေရှိတတ်တယ်

သုတေသနပညာရှင်တွေရဲ့ ၂ဝဝ၄ ခုနစ် လေ့လာသုံးသပ်ချက်အရ လိင်တူစိတ်ဝင်စားသူတွေမှာ လိင်ကွဲစိတ်ဝင်စားသူတွေထက် ဦးခေါင်းဗွေဟာ စင်္ကြာပုံစံ၊ ပန်းပွင့်ပုံစံတွေရှိတတ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ အဆိုပါ လေ့လာတွေ့ရှိချက်ကို အတည်ပြု မယူတဲ့သူတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။

၂။ အစ်ကိုကြီးတွေက လိင်တူစိတ်ဝင်စားသူပိုဖြစ်တတ်ကြပါတယ်

လေ့လာတွေ့ရှိချက်များအရ အရင်ဆုံးမွေးတဲ့ အစ်ကိုကြီးတွေဟာ ပိုပြီး Gayဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်လို့ ဆိုပါတယ်။ ညီငယ်တွေနဲ့ ညီမငယ်တွေမှာတော့ အဲဒီလိုမျိုး ဖြစ်နိုင်ခြေနည်းပါတယ်။ အမှန်တကယ်တော့ တမိတည်းပေါက် မောင်နှမတွေမှာ မိန်းကလေးတွေအနေနဲ့ အသက်ကြီးငယ်အလိုက် လိင်တူဆက်ဆံမှုကို အဖြေရှာလို့မရပေမယ့် အမျိုးသားတွေမှာတော့ အကြီးတွေဟာ Gay ဖြစ်နိုင်ချေပိုများပါတယ်တဲ့။

၃။ ဘယ်သန်ဖြစ်နိုင်ခြေပိုများခြင်း

မူလက လေ့လာတွေ့ရှိချက်များအရ လိင်တူစိတ်ဝင်စားသူတွေဟာ ဘယ်သန်ဖြစ်နိုင်ခြေပိုများပြီး လိင်ကွဲစိတ်ဝင်စားသူတွေကတော့ ညာသန်ဖြစ်နိုင်ချေပိုများပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရကတော့ အမျိုးသားတွေ ဘယ်သန်ညာသန်ဖြစ်ခြင်းနဲ့ မွေးဖွားရာ အသက်အကြီးအငယ်တွေဟာ ဆက်စပ်မှုရှိတယ်လို့လည်း ဆိုကြပါတယ်။ သားအကြီးဆုံးဖြစ်တဲ့ Gayတွေကျတော့ ညာသန်ဖြစ်ပြီး သားအငယ်ဖြစ်တဲ့ လိင်ကွဲစိတ်ဝင်စားသူတွေကျတော့ဘယ်သန်ပဲဖြစ်ပါတယ်။

၄။ မျိုးရိုးဗီဇနဲ့ လိင်စိတ်ခံယူမှုသက်ဆိုင်လား

တမိထဲက မွေးလာတဲ့ အမွှာမောင်နှမတွေမှာတော့ ရာနှုန်းပြည့်မျိုးဗီဇတွေ တူညီတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မိခင်ဗိုက်ထဲက မျိုးဥကွဲတွေကနေ မွေးဖွားလာတဲ့ မောင်နှမတွေမှာတော့ ၅ဝရာခိုင်နှုန်းသော မျိုးရိုးဗီဇတွေ တူညီတတ်ပါတယ်။ မျိုးဥတူတူကနေ မွေးဖွားလာတဲ့ အမွှာတွေမှာ တစ်ယောက်ကGay ဆိုရင်တော့ နောက်တစ်ယောက်ကလည်း Gay တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုလိုတာက မျိုးရိုးဗီဇဆိုတာ လိင်စိတ်ခံယူမှုနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာပါပဲ။ လေ့လာတွေ့ရှိမှု တစ်ခုကတော့ မျိုးရိုးနဲ့လိင်စိတ် တိုက်ရိုက်ချိတ်ဆက်မှုဟာ ၆၂ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ၆၂ ရာခိုင်နှုန်းသော တိုက်ရိုက်ချိတ်ဆက်မှုဟာ လူအချို့ကို Gay ဖြစ်စေပြီး အချို့ကိုတော့ လိင်ကွဲစိတ်ဝင်စားသူ ဖြစ်စေနိုင်ပါတယ်။ မျိုးရိုးကနေ လိင်တူလိင်ကွဲ ခွဲခြားမှုဟာ ဘယ်သန်၊ညာသန်ခွဲခြားတာထက်ပိုမိုပြီးတော့ ၂၅ ရာခိုင်နှုန်းပိုမို သိမြင်နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

၅။ အမိဝမ်းတွင်းအခြေအနေအရ ဖြစ်နိုင်ခြင်း

တစ်ချို့သော လေ့လာမှုတွေအရ အမျိုးသားအချို့ Gay ဖြစ်ရခြင်းမှာ အမိဝမ်းတွင်းမှာ သန္ဓေသားအဖြစ် ရှိနေစဉ်အချိန်အတွင်းမှာ အမိခန္ဓာကိုယ်မှ ထွက်ရှိတဲ့ ဓာတုဓါတ်အချို့ဟာ ကလေးငယ်ရဲ့ ဦးနှောက်ဖွဲ့စည်းပုံကို ပြောင်းလဲစေတဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။ တကယ်လို့ ဒီအချက်သာ မှန်မယ်ဆိုရင်တော့ လိင်တူစိတ်ဝင်စားသူ နှင့် လိင်ကွဲစိတ်ဝင်စားသူတွေကြားမှာ ကွာခြားစေနိုင်တဲ့အချက်ကို ရှာဖွေတွေ့ရှိပြီလို့ ပြောလို့ရပါတယ်။ အဆိုပါတွေ့ရှိချက်ကို ထပ်မံသုံးသပ်ချက်အရ ဘယ်သန်၊ ညာသန် ဖြစ်ပေါ်လာခြင်းဟာ အမိဝမ်းတွင်းက ဇီဝရုပ်ဖြစ်ပျက်မှုတွေနဲ့ သက်ဆိုင်တယ်ဆိုတဲ့အချက်ကို လေ့လာသုံးသပ်နိုင်ခြင်းပဲဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။