အက်စစ်အဖွဲ့ဆိုတာကတော့ မြန်မာပြည်ရဲ့ ဟစ်ဟော့လောကကို ပထမဆုံးအသက်သွင်းခဲ့တဲ့ လူငယ်အဆိုတော် အဖွဲ့ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးမှာ မကြားဖူးသူက ခပ်ရှားရှားပါ။

အက်ဆစ်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်းကိုလည်း ပရိသတ်ကြီးသိမှာပါနော် ။ လက်ရှိမှာတော့ သူဟာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေး တစ်ခုကို တည် ဆောက်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ဆောင် နေတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပါ ။

ဒီနေ့မှာတော့ သူက ကလေးရှိတဲ့မိဘတွေ အတုယူနိုင်ဖို့ သာဓကလေးတစ်ခုနဲ့ အသိပေးနှိုးဆော်လိုက်ပါတယ် ။

" မနေ့က ဂျပန်မုှန်တိုင်းတိုက်တော့မုန်တိုင်းတိုက်တာ ထက်စိတ်ဝင်စား တာကမှုန်တိုင်းအလွန်သူတို့ဘယ်လို ကယ်ဆယ်ရေးထူထောင်ရေးတွေလုပ်မလည်း ဆိုတာပဲ

ဘာလို့ဆို မုှန်တိုင်းကြီးကိုရပ်သွားအောင်ဘယ်သူမှမှမလုပ်နိုင်တာလုံချုံအောင်နေဖို့ပဲရှိတော့တာ

အရေးကြီးတာပြန်လည်ထူထောင်ရေး ခုဒီပုံလေးတွေမြင်လိုက်ရတော့ ကလေးတွေဗျာကြည့်ပါဦး ဒီ post ကိုဒီတိုင်းကြည့်မသွားကြပါနဲ့

ကလေးရှိတဲ့မိဘတွေကိုယ့်ကလေးတွေကိုအတုယူဖို့ပြကြစမ်းပါ။

တစ်ပြားမှမကုန်ပဲသင်ကြားလို့ရတဲ့ဟာတွေ ကမ္ဘာပေါ်မှာတစ်နိုင်ငံနဲ့တစ်နိုင်ငံကောင်းတဲ့ အလေ့အကျင့်လေးတွေကူးချတဲ့အတွက် copyright law နဲ့လည်းမငြိပါဘူးဗျာ " ဆိုတဲ့စာသားနဲ့အတူ ဂျပန်နိုင်ငံက ကလေးငယ်လေးတွေရဲ့ အသိစိတ်လေးနဲ့နှိုင်းယှဉ်ပြီးအတုယူဖို့ ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

နိုင်ငံတစ်နိုင်ငံကောင်းဖို့ တစ်ဦးတစ်ယောက်ထဲကောင်းလို့မရသလို နိုင်ငံသားတိုင်း ကိုယ့်နိုင်ငံ ကိုယ့်ပတ်ဝန်းကျင်ကိုချစ်တတ်တဲ့ စိတ်လေး ရှိဖို့ ကလေးတွေက နေစပြီး လူကြီးတွေအထိ ဒီလို အလေ့ကျင်းကောင်းတွေ အသိဉာဏ်ကောင်းတွေရှိဖို့လိုတယ်ဆိုတာကို ရန်ရန်ချမ်းက မီးမောင်းထိုးပြလိုက်သလိုပါဘဲ ။

Source : Yan Yan Chan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။