ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အောင်မြင်ဆုံး makeup artist တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ နေခြည်ဦးက ပရိသတ်များစွာရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားသူဖြစ်ပါတယ် Beauty Blogger အဖြစ် ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တဲ့ သူမက ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးတွေနဲ့အတူ သူမရဲ့ထူးချွန်တဲ့ အရည်အချင်းတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးအဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ်။

အလှပရေးရာနဲ့ ပတ်သက်လို့ ပျိုမေတွေရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ခြည်ခြည်က ရုပ်ရည်အနေနဲ့ကလည်း စွဲမက်ချင်စရာကောင်းသူလေး ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် photo shooting တွေရိုက်ကူးတဲ့ သူမက မင်းသမီးတစ်ဦးအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ချစ်သူဟောင်း အောင်ရဲလင်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ခြည်ခြည်က သူမရဲ့အချစ်စစ် အချစ်မှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမအနေနဲ့ ချစ်သူကို ပရိသတ်တွေရှေ့မှာ ချပြထားပြီး Official တွဲနေတာပဲ ဖြစ်ပါတယ်။

သူမတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို IG နဲ့ My Story တွေမှာ အများဆုံးတင်လေ့ရှိပါတယ်။ အခုလည်း သူမရဲ့ချစ်သူဖြစ်တဲ့ အောင်နွေဦးက ခရီးသွားခါနီး ခြည်ခြည့်ကို "Love U လိမ်လိမ်မာမာနေခဲ့ပါ လိပ်ပု " ဆိုပြီး ချစ်စနိုးနဲ့ဆုံးမထားတာသလို ခြည်ကလည်း "ရုပ်ဆိုး ပန်းဆိုးဆို အောင်နွေဦးတင်ဘီ" ဆိုပြီး ပြန်ပြောထားတာ တွေ့ရပါတယ်။ ကဲချစ်ပရိသတ်တွေအတွက် နေခြည်ဦးတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးအားကျစရာပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aung Nway Oo & Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။