ကမ္ဘာကျော် မော်ဒယ်လ် ဆယ်လီတစ်ယောက် ဖြစ်သလို ကိုယ်ပိုင် Cosmetics နဲ့ Product တွေကို Company တည်ထောင် ဖြန့်ချီပြီး အောင်မြင်မှု ရရှိခဲ့ကာ အသက်အငယ်ဆုံး မီလီယံနာ ဖြစ်လာတဲ့ Kylie Jenner ကတော့ သူ့ရဲ့ ချစ်သူ ရက်ပ်ပါ အဆိုတော် Travis Scott နဲ့ သမီးလေးတစ်ယောက် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မွေးမွေးချင်းမှာ ကလေးရဲ့ မျက်နာ အတိအကျကို မသိသာသေးတာကြောင့် သူမရဲ့ သမီးလေး Stormi ဟာ သူမရဲ့ ဘော်ဒီဂတ် နဲ့ ရခဲ့ပါတယ် လို့ သတင်းများထွက်ရှိခဲ့ပါတယ်။

အဲ့ဒီ ကောလဟာလ အတွက်နဲ့ သူမဟာ သမီးလေးရဲ့ ပုံတွေ အားလုံးကို သူမရဲ့ အွန်လိုင်းမီဒီယာ အကောင့်ကနေ အားလုံးဖျက်ပစ်ခဲ့ပြီး ပရိသတ်တွေကတော့ သူမ ရဲ့ သမီးလေးကို ထပ်မမြင်တွေ့ရတော့ဘူးလို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်တွေ ကြာလာတော့ လည်း ကောလဟာလတွေကို လုံး၀ ဂရုမစိုက်ပဲ သူမရဲ့ သမီးလေးကို မီဒီယာ ရှေ့ ပြန်လည် ချပြခဲ့သလို ဒီနေ့မှတာလည်း ပုံလေး ထပ်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

သမီးလေးဟာ လသား အရွယ် လေးသာ ရှိသေးပေမဲ့ ထိုင်နိုင်တဲ့ အနေအထားလေးကို ရောက်ရှိလာပြီ ဖြစ်သလို အရမ်းကို နားလည်နေပြီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား သူဖြစ်တဲ့ Kylie ကတော့ လူဖြူ မို့ အသားရေ လှပသလို သူမအသားအရေကတော့ လက်ရှိမှာ ကမ်းခြေ အသွားများပြီး ညိုစိမ့်စိမ့် ရှိပေမဲ့လည်း သူမကတော့ လူဖြူမလေး ဖြစ်ပါတယ်။ သူမရဲ့ချစ်သူ Travis ကတော့ လူမဲ မို့ သမီးလေးက အရွယ်ရလေလေ အဖေဖြစ်သူ တူလေလေ ပြောင်းလဲ လာခဲ့ပါတယ်။ သမီးလေးရဲ့ မျက်နာကျ နဲ့ အသားအရေ ဟာ အဖေဖြစ်သူ Travis နဲ့ အတော်လေး ဆင်တူလာတာမို့ ဘော်ဒီဂတ်နဲ့ ရပါတယ်ဆိုတဲ့ သတင်းကို လုံးဝလွဲမှားစေခဲ့ပါတယ်။

source:http://www.justjared.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။