Sexy Model တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတဲ့ မော်ဒယ်လ် စူးရှထက်ကိုတော့ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။ အနုပညာလမ်းကြောင်းပေါ်မှာ မထင်မရှား ကြိုးစားခဲ့ရာ ကနေ အဆိုတော် အစ္စဏီနဲ့ ဖြစ်ခဲ့တဲ့ အမှုနဲ့ပတ်သတ်ပြီးမှ ပရိသတ်တွေ တော်တော်များ များ သတိထားမိလာခဲ့တဲ့ မော်ဒယ်လ် တစ်ယောက်ဖြစ်ပါတယ် ။

အခုလတ်တလောမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို ဆက်လက်လုပ် ဆောင် နေဆဲ ဖြစ်ပါတယ် ။ သူမကတော့ လောကဓံကို ပြုံးပြုံးလေး ရင်ဆိုင်မယ်လို့ပြော ထားတဲ့ သူမတစ်ယောက်ကတော့ အရင်လို Sexy model ပုံတွေ မတင်တော့ဘဲ သူမ ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ခုနောက်ပိုင်း ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။ သူမ ကို အားပေးတဲ့သူတွေရှိသလို ဝေဖန်တိုက်ခိုက်နေတဲ့ သူတွေအများပြားလည်း ရှိနေတုန်းပါဘဲ ။

သူမဟာ " Feeling confident " ဆိုတဲ့စာသားနဲ့အတူ သူမကိုယ်သူမ ယုံကြည်မှုရှိတယ် ဆိုတဲ့ အကြောင်းကို အသိပေးခဲ့တာဖြစ်ပါတယ် ။ သူမကို အားပေးတဲ့ပရိသတ်တွေအတွက် သူမရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Sue Sha Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။