စေ့စပ်ပြီးပြီဖြစ်တဲ့ ကမ္ဘာကျော် စုံတွဲ ဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲ ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းကို ချစ်မြတ်နိုးပြီး ခိုင်မာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ အမြဲတမ်း အတူတူ ရှိနေတတ်တဲ့ ဒီဆယ်လီ စုံတွဲရဲ့ ပုံရိပ်တွေအတိုင်း ပရိသတ်တွေ စိတ်ယားအောင် ဖန်တီးလိုက်ပြန်တဲ့Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲ အသေးစားလေးကို စူပါကလေးလေး နှစ်ယောက်က ဖန်တီးလိုက်ပါတယ်။

the johnson fam လို့ အမည်ရတဲ့ ကိုယ်ပိုင် Youtube Channelsကနေ တင်ဆက်လိုက်တဲ့ ဒီကလေးလေး နှစ်ယောက်ရဲ့ မိဘတွေ ဖြစ်ကြတဲ့johnson ဇနီးမောင်နှံ နှစ်ယောက်က သူတို့ရဲ့သားနဲ့ သမီးလေးတွေကို Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲ ကို အတူတွေ့ရတဲ့ ဓာတ်ပုံတွေ အတိုင်း ဖန်တီးပြီး ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။

အရမ်းကို ငယ်သေးပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ စူပါကလေးလေး နှစ်ယောက်ဟာ သူတို့ မိဘတွေရဲ့ ပံ့ပိုးမှု တွေနဲ့ အတူ အကောင်းဆုံး post ပေးနိုင်ခဲ့သလို ပ့ုတိုင်းနီးပါး ချွတ်စွတ်တူအောင် ဖန်တီးခဲ့နိုင်တာမို့ ကြည့်နေရင်း အ၇မ်းကို အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ ကောင်းနေခဲ့တာဖြစ်ပါတယ်။

source:The Bieber Era &the johnson fam   ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။