လက်တလောလူမှုကွန်ယက်မှာ အင်ဒီယာနာအမည်ရှိတဲ့ နိုင်ငံကျော် ဗြိတိန်ပေါ့ပ်အဆိုတော်တစ်ဦးကတော့ သူမရဲ့လူမှုကွန်ယက်က ဓာတ်ပုံတစ်ပုံကြောင့် အရမ်းကိုဝေဖန်မှုတွေများနေပါတယ်။အသက် ၃၁ နှစ်အရွယ် အင်ဒီယာနာဟာ သူရဲကောင်းစစ်သည် အောက်မေ့ဖွယ်နံရံတခုအနီးမှာ အပေါ်ပိုင်းဗလာနဲ့ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကို လူမှုကွန်ယက်အင်စတာဂရမ်မှာတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ပုံမှာတော့ အင်ဒီယာနာဟာ ဘောင်းဘီအတို၊ ရှူးစ်နဲ့ ခြေအိတ်ကိုသာ ဝတ်ဆင်ထားခဲ့ပြီး အပေါ်ပိုင်းဗလာကျင်း အနေအထားနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး ဘေးတစောင်းအနေအထားနဲ့ သူမရဲ့ရင်သားတွေကို လက်နှစ်ဖက်နဲ့ ဖုံးကွယ်ထားတဲ့အနေအထားဖြင့် အထိမ်းအမှတ် နံရံမျက်နှာစာဘက်လှည့်ကာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။သူမရိုက်ကူးခဲ့တဲ့ အထိမ်းအမှတ်နံရံကတော့လန်ဒန်မြို့ ဘုရားကျောင်းတခုရဲ့ မြေအောက်ခန်းမှာရှိတဲ့ ပထမကမ္ဘာစစ်တုန်းက အသက်ပေးလှူခဲ့ကြရတဲ့ စစ်သည်တွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် နံရံဖြစ်တယ်လို့သိရပါတယ်။ 

သူမအနေနဲ့ကတော့ အာက်မေ့ဖွယ်နံရံမှန်း သတိမထားမိခဲ့ဘူးလို့ သတိမထားမိခဲ့ဘူး၊သူတို့အရက်တွေလည်းသောက်ခဲ့ကြတယ်၊ဒါပေမယ့်ဒါတွေက လူသေအလောင်းတွေပဲဘာကြောင့် အခုလိုဆိုးဆိုးဝါးဝါးဝေဖန်နေကြရတာလဲလို့ ပြောဆိုလိုက်ပါတယ်။ လူမှုကွန်ယက်ပေါ်က ပရိသတ်တစ်ချို့ကတော့သူမရဲ့ ဓာတ်ပုံနဲ့ ပြောဆိုမှုအပေါ်တော်တော်လေးကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြသလို သူမကိုထောက်ခံတဲ့ ပရိသတ်တွေအနုပညာရှင်တွေလည်း ရှိနေပါတယ်။သူမဟာNot Girlfriend Material သီချင်းအယ်လ်ဘမ်နဲ့ ဗြိတိန်ပေါ့ပ်လောကမှာတော်တော်လေးရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - Indiana 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။