အမိုက်စားဖက်ရှင်ပုံရိပ်လေးတွေနဲ့ ပုရိသပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အခုတစ်ခေါက်မှာ မြန်မာဆန်ဆန်လေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

“တစ်ခါကဆတ်သေချောင်း” ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲ အခမ်းအနားပွဲကို ငွေမင်ရောင်မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက ချစ်စရာကောင်းနေတာပါ..။

လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေတတ်တဲ့ သူမကတော့ ဇာတ်ကားကန်တော့ပေးပွဲ အခမ်းအနားလေးကို တတ်ရောက်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သင်ဇာက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲ အခမ်းအနားကိုတော့ ယနေ့ စက်တင်ဘာ(၁၁) နေ့မှာပဲ ရွှေတိဂုံဘုရားနဲ့ M3 Food Center မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်များနဲ့အတူ အခြားအနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

မကြာခင်စတင်ရိုက်ကူးတော့မယ့် “တစ်ခါကဆတ်သေချောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်္ဇာမြင့်မိုရ်၊ ဝါဝါအောင်တို့အပြင် အခြားအနုပညာရှင်များစွာ ပါဝင်မှာမို့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာ အသေအချာပါပဲနော်..။

အခမ်းစအနားပွဲတတ်ရင်း ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သင်ဇာရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သင်ဇာဝင့်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။