ဝဲဆိုတဲ့ သီချင်းလေးနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေရင်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာတဲ့ အဆိုတော်မလေး Marry ကတော့ တကယ့်ကို ထူးခြားတဲ့ အဆိုရှင်လေးတစ်ယောက်ပါပဲ။ဝိုင်ချိုတစ်ခွက်လို စူးရှပြင်းပြတဲ့ သူမရဲ့ ညို့အားပြင်း အသံလေးနဲ့ ပရိသတ်တွေ ဆွဲဆောင်သွားခဲ့တဲ့ သူမကတော့ လက်ရှိမှာ အမာခံပရိသတ်တွေနဲ့ ဂီတလမ်းပေါ်မှာ အတော်အတန့်နေရာ ရလာခဲ့ပြီပဲ ဖြစ်ပါတယ်။သူမကတော့ တကယ့်ကို အရည်အချင်းရှိပြီး ထူးချွန်တဲ့ အဆိုရှင်လေးဖြစ်သလို အရုပ်မလေးလို အရမ်းကိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားတာကြောင့် အချိန်အတို အတွင်းမှာ တင်ပရိသတ်တွေကြား နာမည်ကြီးလာသူလေးပဲ ဖြစ်ပါတယ်။

ဇူလိုင်လ 10 ရက်နေ့ကတော့ လတ်တလောမှာ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ The Num ဆိုတဲ့ သရဲကားကို Junction city မှာသွားကြည့်ခဲ့စဉ်က ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ် ။ " The Nun မကြည့်ခင်Juntion city မှာ 6 နာရီလောက်Yaung seinလုပ်တုံးက " ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ် ပါတယ် ။ သူမကို အရမ်းချစ်ကြတဲ့ ပရိသတ်တွေအတွက်တော့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေး တွေက ပရိသတ်အသည်းကို လှုတ်ခတ်စေမှာ အသေချာပါဘဲနော် ။

ပြင်းရှရှ အသံလေးနဲ့ ချစ်စဖွယ် မျက်နှာလေးကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ Mary လေးကတော့ အနုပညာအလုပ်တွေ တောက်လျေျာက်လုပ်ကိုင်နေပြီ ဖြစ်လို့ ချစ်ပရိသတ်ကြီး လည်း အားပေးလိုက်ကြပါဦးနော် ။ ချစ်ပရိသတ်ကြီးအတွက် Mary လေးရဲ့ ယောင်စိန် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။