စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Mဆိုင်းလုတစ်ယောက် Tiger က အသစ်ထုတ်လုပ်လိုက်တဲ့ Tiger Black ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေပြီး ကချင်တိုင်းရင်းသူလေးလည်းဖြစ်တာကြောင့် သူမရဲ့ ချစ်စဖွယ် စကားသံဝဲဝဲလေးဟာ ပရိသတ်တွေကို ချစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

လက်ရှိအချိန်ထိ စူပါမော်ဒယ်အဖြစ်နဲ့ ရပ်တည်နေ တာဖြစ်ပြီး သီချင်း MTV တွေကလွဲလို့ ရုပ်ရှင်နဲ့ပက်သက်တဲ့ သရုပ်ဆောင်ပိုင်းမှာ သူမကို မမြင်တွေ့ရသေးပါဘူး။ ဆိုင်းလုက တော့ Tiger က ထုတ်တဲ့ Black Tiger ကို သဘောကျတယ်လို့ သူမကဆိုပါတယ်။ သူငယ် ချင်းတွေနဲ့အတူတူရှိတဲ့အချိန်မှာလည်း ဘီယာသောက်ဖြစ်ပြီး စိတ်ထဲမှာ လွတ်လွတ် လပ်လပ်ခံစားချက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတယ်လို့ဆိုပါတယ်။

မိန်းကလေးဖြစ်ပေမယ့် ဘီယာကိုကြိုက်နှစ်သက်တယ်လို့သူမကဆိုပါတယ်။ ဘီယာနဲ့တစ်ခါ တလေ ရေချိုးတာတွေအထိပါ လုပ်ဖြစ်ကြောင်း သူမကဆိုပါတယ်။ သောက်ပြီးတဲ့အချိန်မှာ တော့ မမူးတမူးလေးခံစားချက်ကို ကြိုက်နှစ်သက်ကြောင်း သူမကဆိုပါတယ်။ လတ်တလော မှာတော့ ပွဲလေးတွေတက်နေပြီး Photo Shooting တွေ ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေ ကလည်း သူမကိုဆက်လက်အားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။