မြန်မာ့လက်ဝှေ့လောကထဲမှာ နာမည်တစ်လုံးရရှိဖို့ဆိုတာလွယ်ကူတဲ့အရာမဟုပ်ဘူးဆိုတာအားလုံးသိလောက်မယ်ထင်ပါတယ်။ မြန်မာ့လက်ဝှေ့သူရဲကောင်းများစွာထွက်ပေါ်ခဲ့ပြီး ပြည်ပလက်ဝှေ့ဖိုက်တာများစွာကြောက်ခဲ့ရတဲ့ သူရဲကောင်းတွေလည်း ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့လက်ဝှေ့ချန်ပီယံသူရဲကောင်းတွေထဲမှာ ထွန်းထွန်းမင်းကတော့ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။  

ထွန်းထွန်းမင်းကတော့ လက်ရှိမြန်မာ့လက်ဝှေ့ချန်ပီယံဒေဝနှင့်အတူ ထိုးသတ်ဖို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ရှုံးကြွေးပြန်လည် ဆက်နိုင်ရန်ကြိုးစားနေကြောင်း သိရပါတယ်။ လက်ရှိ ထွန်းထွန်းမင်းနှင့် ဒေ၀ မကျေပွဲကို လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှာ စီစဉ်ထားပြီး အပြိုင်အဆိုင်ကြိုးစားမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။  

အဆိုပါပြိုင်ပွဲနှင့်ပတ်သက်ပြီး ထွန်းထွန်းမင်းကတော့

"ကြိုးဝိုင်းပေါ်မှာ ထွန်းထွန်းမင်းဆိုတဲ့နာမည်တလုံးရဖို့ ကျွန်တော် ၈နှစ်သားကတည်းက ကြိုးစားခဲ့တယ်...

ကျွန်တော်အားမသန်ပေမယ့်မာန်မချခဲ့ဘူ

လာမယ့်ပွဲကိုကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ချန်ပီယံကို မြန်မာလူမျိုးသာရထိုက်သည်ဟူသည့် ထွန်းထွန်းမင်းရဲ့ စိတ်ဓာတ်နဲ့အတူ အရင်အရှုံးအတွက် ပြန်လည်ဆယ်ယူရမည့် ထွန်းထွန်းမင်းရဲ့ ဒီဇင်ဘာ ၉ရက်နေ့ ပွဲက ပရိသတ်တွေအကြိုက်ဆုံး ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။ ထွန်းထွန်းမင်းတစ်ယောက် ဒေဝကို အလှဲထိုးအနိုင်ရနိုင်မလားဆိုတာကို လက်ဝှေ့ဝါသနာရှင် ပရိသတ်တွေဝေဖန်ပေးကြပါအုန်းနော်။

Photos - Tun Tun Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။