လက်ရှိ မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းကတော့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအတွက် One Championship (MMA) အဖွဲ့မှ ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရွေးချယ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ မတူညီတဲ့ ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံတစ်ဦးဖြစ်နေတဲ့ အောင်လအန်ဆန်းကတော့ လာမည့် အောက်တိုဘာလ၂၆ ရက်နေ့တွင် ထပ်မံထိုးသတ်ဖို့အတွက် ရှုံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်တဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီနှင့်စီစဉ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိ အဆိုပါမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် နှစ်ဦးနှစ်ဖတ်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပြိုင်ဖြစ်မြောက်ဖို့ ၁၀၀ရာခိုင်နှုန်းနီးပါးသေချာနေပြီပဲဖြစ်ပါတယ်။  

အဆိုပါ ပြိုင်ပွဲအတွက်လက်ဝှေ့ဖိုက်တာနှစ်ဦးစလုံး ပြင်ဆင်မှုတွေပြုလုပ်နေကြပြီဖြစ်ပြီး အောင်လအန်ဆန်းကတော့ စိုးရိမ်မှုအချို့ရှိနေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်ပြီး အောင်လကတော့

"လာမယ့်အောက်တိုဘာ ၂၆ ရက်မှာ One Championship ရဲ့နောက်ထပ်ပွဲတစ်ပွဲ ရန်ကုန်ကိုပြန်ရောက်လာပါပြီ။ဒီပွဲက One Championship ကစီစဉ်တဲ့ ကျွန်တော့်ရဲ့ ၁၀ပွဲမြောက် ပွဲစဉ်ဖြစ်ပြီးတော့ လက်ဘနွန်က ချန်ပီယံနဲ့ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်

တကယ်စိတ်လှူပ်ရှားရပါတယ်။ဒါကြောင့် ဒီပွဲအတွက်

သေချာအာရုံစိုက်နေပြီးလေ့ကျင့်ခန်းတွေအပြင်းအထန်စတင်နေပြီဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ပြန်ဆုံရအောင်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

ပြိုင်ပွဲကျင်းပရန် တလကျော်သာကျန်ရှိနေပြီး ပြိုင်ဘက်ကစားသမားရဲ့ အားသာချက်အားနည်းချက်တွေကို ရှာဖွေနိုင်ရန်နှင့် အကောင်းဆုံးတိုက်စစ်၊ ခံစစ်တွေကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နေရကြောင်း သိရပါတယ်။ မကြာခင်မိသားစုနှင့် ခွဲခွာရမှာဖြစ်ပြီး ပြိုင်ပွဲအတွက် ကြိုးစားမှုတွေပြန်လည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကတော့ အောင်လရဲ့ ၁၀ကြိမ်မြောက်ပွဲစဉ်ဖြစ်တဲ့အပြင် ပြည်တွင်းထိုးသတ်မှုနောက်ဆုံးပွဲစဉ်တစ်ခုလည်း ဖြစ်ကြောင်း သိရပါတယ်။ ပြည်ပထိုးသတ်မှုတွေပဲ ရှိလာတော့မယ့် အောင်လရဲ့ အမိမြေထိုးသတ်မှုနောက်ဆုံးပွဲစဉ်ကို အတူတူအားပေးရင်း အောင်လအတွက် အားပေးစကားအချို့ပြောကြားပေးခဲ့ကြပါနော်...။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။