မိဘတွေရဲ့ ပေါ့လျော့မှုအချို့ကြောက့် သေဆုံးခဲ့ရတဲ့ ကလေးငယ်များစွာကတော့ ပြည်ပနိုင်ငံများစွာတွက်သာမက ပြည်တွင်နေရာအနှံ့အပြားတွင်လည်း ဖြစ်ပေါ်လေ့ရှိတာတွေ့ရပါတယ်။ စက်တင်ဘာလ(၁၄)ရက်နေ့နံနက်(၉:၃၀)နာရီအချိန်ခန့်တွင်ကျောက်တန်းမြို့နယ်ချောင်းဝကျေးရွာတွင်ကျောင်းသားကလေးငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု့ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါဖြစ်စဉ်ကတော့ ကျောက်တန်းမြို့နယ်ချောင်းဝကျေးရွာတွင်နေထိုင်သော ဦးလှမြင့်+ဒေါ်ရွှေကြည်တို့၏မြေးဖြစ်သူမောင်ကျော်မင်းခန့်(၁၃)နှစ်(ဘ)ဇော်မင်းထွေး(၄)တန်းကျောင်းသားသည်ချောင်းဝကျေးရွာစာသင်ကျောင်းသို့နံနက် (၉)နာရီအချိန်ခန့်တွင်သွားရောက်ခဲ့ပြီး၊(၉:၃၀)နာရီအချိန်ခန့်တွင်အတန်းပိုင်ဆရာမမှကျောင်းခေါ်ချိန်ခေါ်ရာ(ကျော်မင်းခန့်)မှာကျောင်းလွယ်အိတ်ထားပြီးနေအိမ်သို့ပြန်သွားသဖြင့်၎င်း၏အဖိုးဖြစ်သူဦးလှမြင့်အားအကြောင်းကြားရာမှနေအိမ်သို့သွားရောက်ခေါ်ဆိုစဉ် ဆွဲကြိုးချသေဆုံးနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆွဲချသေဆုံးကြောင်းသတင်းအရကျောက်တန်းမြို့မစခန်းမှတာဝန်ရှိသူမျာသည်ချောင်းဝကျေးရွာရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာကျော်မင်းခန့်မှာနေအိမ်တွင်းဘုရားစင်ရှေ့ထုတ်တန်းတွင်အမြင်(၈)ပေခန့်မှပလတ်စတစ်နိုင်လွန်ကြိုး (အပြာရောင်)ဖြင့်ဆန်ပုံးအဖြူရောင်ပေါ်တတ်ပြီးကြိုးဆွဲချသေဆုံးသွားတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါသေဆုံးမှုကို ကျောက်တန်းမြို့မစခန်းသို့အကြောင်းကြားပြီးအလောင်းကိုသက်သေများနှင့်အတူသွားရောက်စစ်ဆေးရာပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မျှမတွေ့ရဘဲလျှာတစ်လစ်၊ပါးစပ်မှသွားရည်များကြလျက် ကြိုုးဆွဲချသေဆုံးနေသည့်လက္ခာစစ်ဆေးတွေ့ရှိရသဖြင့်အလောင်းအားရဲဆေးစာဖြင့်ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေး၍သေမှု့သေခင်းအမှတ်စဉ်(၁၉/၂၀၁၈)ဖြင့်စစ်ဆေး

ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်။ ကလေးသူငယ်များရဲ့ သေဆုံးမှုအများစုကတော့ မထင်မှတ်ထားတဲ့ ပေါ့လျော့မှုတွေကြောင့် သေဆုံးခဲ့ရတာတွေများစွာရှိနေကြောင်း တွေ့ရပါတယ်။ ကလေးငယ်များကို အိမ်တွင်း သတိထားနေထိုက်နိုင်ရန် မိဘပြည်သူတွေဘက်က အတတ်နိုင်ဆုံး ထိမ်းကျောင်းပေးကြဖို့ တိုက်တွန်းမျှဝေပေးလိုက်ပါတယ်။

photos - Zi mar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။