ပွင့်လင်းချက်ပါပဲ အဝင်းရယ် ။

အဝင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် မိုရီဆာကီဝင်းကဆိုရင် မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့ အိပ်မက်ထဲက မင်းသားလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘုူး ။ နာမည်ကျော် ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ခ် ရိုက်ကူးတဲ့ Ready Player One ဆိုတဲ့ ဇာတ်ကားကြီးမှာပါ ပါ၀င်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဂျပန်နိုင်ငံရော မြန်မာနိုင်ငံမှာပါ အနုပညာအလုပ်တွေ လုပ်ဆောင်နေတဲ့ အဝင်းက ပွင့်လင်းပြီး မာနမရှိဘဲ ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူမို့လည်း လူချစ်လူခင် ပိုခံရတာပါ ။ 

သူ့ပရိတ်သတ်တွေ ဆိုရင်တော့ သူ့ရဲ့ ခင်ဗျာ ခင်ဗျာ ဆိုတဲ့ အသံလေးကို နားယဉ်နေမှာအမှန်ပါပဲ ။ ဒီလို ပရိတ်သတ်ချစ်တာခံရတဲ့ အဝင်းက အခုလည်း ဂျပန်နဲ့ မြန်မာ ကူးလူးကာ အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့ ယခုအချိန်မှာတော့ မြန်မာနိုင်ငံကိုရောက်ရှိနေပြန်ပါပြီတဲ့ ။ အဝင်းကို Shooting အတွက် မိတ်ကပ်လိမ်းပေးတဲ့ Makeup Artist ကတော့ အဝင်းရဲ့ ဟာသဉာဏ် ရွှင်ပုံကို ဒီလိုပဲ ဖောက်သည်ချလိုက်လေရဲ့ ... 

" လုံလုံ့ မင်းသားရဲ့ shooting မှာ Make Up လိမ်းပေးဖြစ်တယ် Swan နဲ့ လည်းဆုံတယ်ပေါ့

နှာခေါင်းအဆီပြန်ရင် နှာဗူးတယ်လို့ နှောက် ပီး ပြောထားမိတာ ခနခန နှာခေါင်းမှာ Make Up သွားသွားဖို့ပေးတော့ ကျနော်အရမ်းနာဘူးတယ်နော် တဲ့ အားးးးး " လို့ Makeup Artist လုံစိုင်းက မင်းသားနဲ့ အခွီတွေကို ဖောက်သည်ချထားတာပါ ။

အဝင်းပြောမှ ကိုယ့်ကိုယ်ကို ဘူးလားပြန်ကြည့်ရတယ် ။ အဝင်းတို့ကတော့ ပြောသမျှစကား ပြောစမှတ်တွင်ရောပဲနော ။

သတင်းအရင်းမြစ် Lung Seng Lamung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။