မနေ့က စက်တင်ဘာ ၁၆ရက်နေ့ နံနက် ၈နာရီခွဲမှာတော့ ကရင်ပြည်နယ်ဘားအံမြို့နယ် တောင်ကလေးကျေးရွာအနီးတွင် တည်ရှိသော ဘားအံအကျဉ်းထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထောင်ဖောက်မှုကြောင့် အကျဉ်းသား၄၁ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထောင်တံခါးလေးဆင့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၄၁ယောက်အား မြန်မာ့ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များကလိုက်လံဖမ်းဆီးရှာ ဖွေခဲ့ရာ ဖြစ်ပွားခဲ့ပြီး မိနစ်၃၀ခန့်တွင် ၁၄ယောက်ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့ အကျဉ်းသားများကတော့ ဘားအံမြို့နယ် မိဇံရွာကြီးကျေးရွာတွင် အကျဉ်းသား ၃ ယောက်၊ မဲဘောင်ကျေးရွာ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေး ရှိ ရွှေနှစ်သက် လဘက်ရည်ဆိုင်ရှေ့တွင် အကျဉ်းသား ၂ယောက်၊ ထောင်ဘူးဝအနီးတွင် အကျဉ်းသားတဦးနှင့် ကျန် အကျဉ်းသားများကို နောင်ကမြိုင်တောင်ကြော၊ ကော့လှိုက်ရွာ၊ တဝန်ဖန်ရကျေးရွာ၊ ထီလုံရွာ အစရှိတဲ့ နေရာတွေမှာ ပြန်လည်ဖမ်းဆီးရရှိမိတာဖြစ်ကြောင်း သိရပါတယ်။  

ကျန်ရှိနေသေးတဲ့ ထွက်ပြေးလွတ်မြောက်နေသော အကျဉ်းသားတွေကို ပြန်လည် ဖမ်းဆီးရရှိဖို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းရွာဖွေနေပြီး ဒေသခံများကိုလည်း ကူညီစုံစမ်းဖမ်းဆီးပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ပြည်တွင်း ဆိုးသွမ်းသူတို့ထိန်းသိမ်းရာအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားတဲ့ အန္တရယ်ရှိ အကျဉ်းသားများကို ပြည်သူများဝိုင်းဝန်းကူညီကြပါရန် သတိပေးမျှဝေပေးလိုက်ပါတယ်။

sOURCE - BBC BURMESE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။