မျက်ကွင်းညိုတဲ့အခါ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရှိရင်းစွဲ အသက်ထက် ပိုပြီး ကြီးတယ်လို့ ထင်ရနိုင်ပါတယ်။ မျက်ကွင်းညိုရခြင်းက အဓိက အားဖြင့်တော့ အကြောင်းအရင်း ၃ ချက်ရှိပါတယ်။

(၁) မျက်ဝန်းတစ်ဝိုက်မှာ အမဲရောင် ဆဲလ်တွေ များလားခြင်း

(၂) မျက်ဝန်းနေရာမှာ အရေပြား ပါးလာခြင်း

(၃) မျက်ရစ်အိတ် လျော့လာပြီး မျက်ကွင်းညိုလာခြင်း၊ မျက်ဝန်း အရေပြား လျော့လာပြီး မျက်ရစ်အိတ် အရိပ်ကျခြင်း .. စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) မျက်ဝန်းတစ်ဝိုက်မှာ အမဲရောင် ဆဲလ်တွေ များလားခြင်း ရဲ့ အကြောင်းရင်းကတော့ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓာတု ဆေးဝါးတစ်ခုခုနှင့် ထိတွေ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၂) မျက်ကွင်းနေရာမှာ ရှိတဲ့ အရေပြား ပါးတာကတော့ အမျိုးသမီး အများစု ရာသီလာတဲ့ အချိန်မှာ ဖြစ်လေ့ ရှိကြပါတယ်။ ဒါက ပုံမှန် အားဖြင့် စိုးရိမ်စရာ မရှိတာမို့ ဒီလို ရာသီလာပြီးရင် သဘာဝအတိုင်းပဲ ပျောက်ကင်း သက်သာ သွားနိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ကတော့ မျက်ကွင်းညိုနေခြင်းကို မိတ်ကပ်နဲ့ ဖုံးပြီး ပုံမှန်ဖြစ်သွားအောင်လည်း လုပ်လေ့ ရှိပါတယ်။

(၃) မျက်ရစ်အိတ် လျော့လာပြီး မျက်ဝန်းမှာ အရိပ်ကျလာခြင်းကတော့ အသက်အရွယ် ကြီးရင့်တဲ့ သူတွေမှာ တွေ့ရပါတယ်။

မျက်ကွင်းညိုတာကို သက်သာစေဖို့အတွက် အသုံးပြုပြီးထားသော လက်ဖက်ခြောက်အိတ်လေးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲရှိ လက်ဖက်ခြောက် အိတ်လေးတွေကို မျက်ဝန်းပေါ်သို့ ၁၅ မိနစ်ခန့် ထားခြင်းဖြင့် မျက်ကွင်းညိုခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကတော့ အလွယ်ကူဆုံးနှင့် ငွေကြေး ကုန်ကျမှု မရှိသော သဘာ၀ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - HealthFix 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။