ကားအစီးရေ အများဆုံးရှိတဲ့ ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းနေတာကို ဖြေလျှော့ဖို့ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အငှားယာဉ်တစ်ဝက်ခန်လျှော့ချသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

"ရန်ကုန်မြို့တွင်း ယာဉ် ကြောကျပ် ကျပ်တည်းမှုထဲမှာ အငှားယာဉ်တွေကလည်းပါနေတော့ ပြန်ပြီးသေချာ စိစစ်ရမှာပါ။ လျှော့တော့ လျှော့ချမှာပါ။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ နအနေနဲ့ အငှားယာဉ် (TAXI) စာရင်း အထောက်အထားတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရဆီ တင်ပေးထားပြီ။ ဘယ်တော့လောက်စပြီး အကောင်အထည်ဖော်မလဲဆိုတာတော့ တိုင်းဒေသကြီးအစိုးရပေါ်မှာ မူတည်ပါတယ်။ ဒီအငှားယာဉ် (TAXI) တွေနဲ့ ပတ်သက်ပြီး စိစစ်တာကတော့ ပြန်ပြီးစိစစ်သွားမှာပါ”လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောပါတယ်။

လတ်တလော ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်အစီးရေ ၆၆၀၀၀ ကျော်ရှိပြီး AA၊ BB၊ CC တို့လို အမြဲတမ်းအငှားယာဉ်တွေနဲ့ အိမ်စီးကားနံပါတ်အနက်ကနေ ပြောင်းလာတဲ့ အငှားယာဉ်ဆိုပြီးခွဲခြားထားကာ AA၊ BB၊ CC အက္ခရာတွေနဲ့စတဲ့ အငှားယာဉ်တွေက သုံးသောင်း ကျော်၊ လေးသောင်းနီးပါးရှိပြီး ကိုယ်ပိုင်ကားတွေကနေ အငှားယာဉ်အဖြစ်ပြောင်းလဲလာတဲ့ ယာဉ်အရေအတွက်က ၂၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ နယ်လိုင်စင် တက္ကစီတွေဖြစ်တဲ့ ပဲခူးနဲ့ ဧရာဝတီတိုင်းလိုင်စင်ကားတွေပါ လာရောက်ပြေးဆွဲနေတာကြောင့် ယာဉ်ကြောကျပ်တည်းတာပိုမိုခံစားနေရပြီး မြို့တွင်းလမ်းတွေပေါ်မှာ ယာဉ် ၁၀ စီးမှာ အငှားယာဉ်က ခုနစ်စီးအထိရှိနေတာပါ။

Source - MOI

Photos - MBT


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။