လက်ရှိ အာရှနိုင်ငံများစွာနှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုတွေနှင့်အတူ ချစ်ကြည်ရေးပွဲတော်များစွာပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံကတော့ အဓိကနိုင်ငံတစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိ ဂျပန်နိုင်ငံတွင် မြန်မာ့ရိုးရာပွဲတော်များစွာနှင့်အတူ ရိုးရာလက်ဝှေ့ပွဲတွေကိုလည်း နှစ်စဉ်ကျင်းပပေးလေ့ရှိတာတွေ့ရပါတယ်။ 

မကြာသေးမီကလည်း ဂျပန်နိုင်ငံတိုကျိုမြို့တွင် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှု အဆိုကအနုပညာရှင်တွေ ပူးပေါင်းကပြ ဖျော်ဖြေတင်ဆက်ပွဲကိုကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပွဲကို မြန်မာယဉ်ကျေးမှုအကအဖွဲ့က ပန်တျာသန်းဇော်၊ ပန်တျာ သံစဉ်ချို၊ မင်းသားဝေဇင်၊ ဂျပန်မော်ဒယ် ရုပ်ရှင်တီဗွီသရုပ်ဆောင် အယ်မီလင်းနဲ့အတူ မြန်မာပြည်မှာ အကပညာ ဆည်းပူးခဲ့ကြတဲ့ ဂျပန်လူမျိုး အကဝါသနာရှင် ၇ ဦးတို့ကလည်း အော်ပရာ၊ မြန်မာ့ရုပ်သေး၊ မြန်မာ့စောင်းနဲ့ အငြိမ့် နှစ်ပါးသွားအကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြောင်းသိရပါတယ်။  

မြန်မာပြည်မှာ ယဉ်ကျေးမှုအက သင်ကြားခဲ့တဲ့ ယူရီအီရီဖူမီက “မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဂျပန်လူမျိုးတွေ ပိုမိုသိရှိပြီး ပိုမိုစိတ်ဝင်စားလာကြမယ်လို့ မျှော်လင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ မြန်မာ့ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဂျပန်လူမျိုးတွေ အများအပြား စိတ်ဝင်တစားတဲ့ လာရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။