လက်ရှိ ပြည်တွင်းရာသီဥတုဆိုးသွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသူများစွာနှင့်အတူ ထိခိုက်သေဆုံးမှုများစွာလည်းဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်တွေရဲ့ အဓိက အချက်တွေထဲမှာ ရေကြီးမှုကတစ်ခုအပါအဝင်ဖြစ်နေပြီး လက်ရှိအထိမိုးရေ ဆက်တိုက်ရွာသွန်းနေပြီး နေအိမ်စွန့်ခွာသူတွေရှိနေသေးကြောင်းသိရပါတယ်။  

ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့ တွင်လည်း တာချီလိတ် မယ်ဆိုင်ဘက်မှာ ရေဘေးအန္တရယ်ကြောင့် အရေးပေါ်ရွေ့ပြောင်းနိုင်ရန် ကြေငြာမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ ရေကြီးမှုကို လက်ရှိခံစားနေရပြီး မကြာခနရေနစ်မြုပ်မှုကြောင့် ပြောင်းရွေ့မှုတွေလည်း ပြုလုပ်ရလေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့ နံနက် ၉ နာရီလောက်က တာချီလိတ် မယ်ဆိုင်ဘက်ရှိ ရေချောင်းတစ်လျှောက်နေအိမ်များကို ပစ္စည်းများအမြင့်မှာတင်ပြီး လူများရေလွတ်ရာသို့ရွေ့ပြောင်းကြဖို့ ကြေငြာခဲ့ကြောင်း သိရပါတယ်။  

မိုးရွာသွန်းမှုအဆက်မပျက်ရှိနေပြီး ရေချောင်းတစ်လျှောက်ရေကြီးနိုင်ဖွယ်ရှိတာကြောင့် ဒေသခံပြည်သူတွေကို ရေလွတ်ရာကို ကြိုတင်ပြောင်းရွေ့ခိုင်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရပ်တန့်သွားခြင်းမရှိသေးတဲ့ ပြည်တွင်း မိုးရွာသွန်းမှုအခြေနေတွေထဲမှ တာချီလိတ်မယ်ဆိုင်ဘက် ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။