လက်ရှိ ပြည်တွင်းသွားလာသူများ အများစုအသုံးပြုလေ့ရှိတဲ့ အမြန်လမ်းမကြီးကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ဆိုးရွားမှုများစွာဖြစ်ပေါ်တက်သလို အမှတ်တရများစွာရရှိခဲ့တဲ့ ပြည်သူပေါင်းများစွာလည်း ရှိနေကြောင်း သိရပါတယ်။ အဆိုပါ ပြည်သူတွေထဲမှာ ဒီကနေ့ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးတစ်ဦးလည်းပါဝင်ခဲ့တာတွေ့ရပါတယ်။  

ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့ နံနက် ၈နာရီ အချိန်ခန့်တွင် မြတ်မန္တလာထွန်း Express ကားပေါ်တွင် လိုက်ပါလာသော မဝတ်ရည်ဖြိုး(၂၅)နှစ် မြောက်ဥက္ကလာပမြို့နေသူတစ်ဦးသည် မွေးဖွားရန်အခတ်တွေ့သဖြင့် အကူညီတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အကူအညီတောင်းဆိုမှုကြောင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ပလွေးစခန်းမှ တပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် အသင့် စောင့်ဆိုင်း နေကြောင်း ပြောရာ လူနာမှ တပ်ဖွဲ့ဝင်များအားရှက်ကြောင်း ထပ်မံ အကူအညီ တောင်းခံ လာသဖြင့် တပ်ဖွဲ့ဝင် ဇနီး(၄)ဦးအား ယာဉ်မောင်းနှင့်အတူစောင့်ဆိုင်း၍ ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။  

ဒီကနေ့ နေ့လည် ၁၁နာရီ ၃၀အချိန်တွင် မိန်းကလေးမွေးဖွားခဲ့ပြီး နေ့လည် ၁နာရီအချိန်တွင် မဝတ်ရည်ဖြိုး၏ခင်ပွန်းဖြစ်သူ ကိုနိုင်လင်းအောင် ရောက်ရှိလာသဖြင့် မွေးလူနာနဲ့ ခလေး အားစနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ အမှတ်တရတစ်ခုအဖြစ်ကျန်ရစ်စေခဲ့တဲ့ ဒီကနေ့မွေးဖွားသူ သမီးငယ်လေးနှင့်အတူ ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်မိသားစုများ အားလုံးကိုလေးစားဂုဏ်ယူရင်း မျှဝေပေးလိုက်ပါတယ်။

Photos - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုုးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။