ဆီးထဲမှာသွေးပါခြင်းက အကြောင်းအရင်း များစွာ ရှိပါတယ်။ ဆီးပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်သလို ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ နာကျင်မှုမရှိဘဲ ဆီးထဲသွေးပါခြင်းဟာ ဆီးအိမ်ကင်ဆာရဲ့ အရေးကြီးတဲ့လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဆီးထဲမှာ သွေးနီဥတွေ ပါလာတဲ့အတွက် ဆီးရဲ့ အရောင်က ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေ ဖြစ်နေတတ်ပါတယ်။ ဆီးထဲမှာ သွေးနည်းနည်းပါရုံနဲ့ နာကျင်ခံစားရခြင်း မရှိနိုင်ပေမယ့် သွေးခဲတွေ ပါလာပြီ ဆိုရင်တော့ နာကျင်ခံစားရနိုင်ပါတယ်။

ဆီးထဲမှာသွေးမပါအောင် ကာကွယ်လို့မရပေမယ့် ဆီးထဲတွင် သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို လျှော့ချနိုင်မယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

- ရေများများသောက်ခြင်း

- ဆီးသွားချင်လျှင် မအောင့်ထားခြင်း

- လိင်ဆက်ဆံပြီးလျှင် ဆီးသွားခြင်း

- အမျိုးသမီး သန့်စင်ဆေးရည်များကို ရှောင်ကြဉ်ခြင်း

- ဆားနှင့် အသားပါဝင်သော အစားအစာများကို လျှော့စားခြင်း

- ဆေးလိပ်လျှော့သောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း … တို့ကို ပြုလုပ်သင့်ပါတယ်။

ဆီးထဲတွင် သွေးပါခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့

- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

- ကျောက်ကပ်ပိုးဝင်ခြင်း

- ဆီးအိမ် (သို့မဟုတ်) ကျောက်ကပ်တွင် ကျောက်တည်ခြင်း

- ဆီးကျိတ်ကြီးခြင်း

- ကျောက်ကပ်နှင့် သက်ဆိုင်သော ရောဂါများဖြစ်ခြင်း

- ဆေးဝါးများကြောင့် ဖြစ်ခြင်း

- ဆီးအိမ်ကင်ဆာဖြစ်ခြင်း

ဆီးထဲမှာသွေးပါတာနဲ့ ဆရာဝန်ကိုပြသသင့်ပါတယ်။ ဝမ်းပျော့ဆေးများ၊ သကြားမုန်လာနှင့် ဘယ်ရီသီးတွေကဲ့သို့သော အချို့သောအစားအစာတွေကြောင့် ဆီးနီတတ်ပါတယ်။ သို့သော် ဆီးထဲမြှ သွေးပါတာကတော့ သိသာတာကြောင့် ဆရာဝန်နှင့် မဖြစ်မနေ ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ မြမျိုးမျိုးဆွေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။