ခက်ခဲမှုတွေကြားထဲကနေ အိမ်ထောင်တစ်ခုကို ခက်ခဲစွာတည်ထောင်ပြီး သာယာချမ်းမြေ့တဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေရှိနေပါတယ်။ အခုလို စုံတွဲတွေထဲမှာ ဆုပန်ထွာတို့မိသားစုလည်းပါဝင်ခဲ့ပါတယ် ။ မင်္ဂလာနှစ်ပတ်လည် ကိုရောက်ရှိခဲ့တဲ့ ဒီနေ့မှာ အိမ်ထောင်သက်တမ်း နဲ့ အချစ်သက်တမ်း တစ်လျှောက် က ရင်နာစရာ ၊ ကြည်နူးစရာတွေကို ပြန်ပြောင်း ပြောပြခဲ့တာပါ။ ဆုပန်ထွာ နဲ့ ပေါင်းဖက်ခွင့်ရအောင် ကို ဥက္ကာဖက်မှာ ပေးဆပ်မှုတွေကလည်းများပြားခဲ့ပါတယ်။

ပန်ပန် နဲ့ ပေါင်းဖက်နိုင်ဖို့ အားလုံးကို စွန့်လွှတ်ခဲ့ရတာကို " အိမ်ကိုအမွေပြတ်လည်းတောင်းဆိုခဲ့တယ်။ ကျွန်တော်ယုံကြည်တာက ဘဝကိုဆင်းရဲစွာမနေရအောင်ကျွန်တော်မှာကြိုးစားခွင့်ရှိတယ်။ တရားဝင်ကွာရှင်းပြီးတာကို မကွာရှင်းရသေးဘူးလို့ သတင်းစာတွေထဲမှာ အရှက်ခွဲခံခဲ့ရတယ်။ အဲဒီတုန်းက ၆၆ဃ ဆိုတာကိုနားမလည်မသိခဲ့ဘူး။အရင်အိမ်ထောင်ကို စိတ်နာနာနဲ့ ဝေးလေကောင်းလေ မတွေ့လေပိုကြိုက်လေဖြစ်ခဲ့တာခုချိန်ထိပါ။ဓာတ်ပုံထဲက ငါးစာကျွေးတဲ့နေရာလေးက ကျွန်တော့အတွက် အမှတ်တရလေးပါ။အဲဒီမှာ ကျွန်တော်အရမ်းချစ်တဲ့ကောင်မလေးဆီက အဖြေရခဲ့လို့ပါပဲ." လို့ ရေးသားထားတာကိုတွေ့ရပါတယ် ။

ဆက်လက်ပြီး ကိုဥက္ကာက @..အရမ်းချစ်တယ်မိန်းမရယ်။ ဘဝမှာဖြစ်သမျှတွေ ဖြစ်လာမှာတွေအားလုံးကို ကိုကိုရဲရဲကြီးရင်ဆိုင်ပေးမယ်။ကိုကို့ ကိုပြန်ချစ်ဖို့မလိုဘူးးး ကိုကိုချစ်တာပဲခံနော်လို့ပြောပြီး...ကိုကို့ကို ခုချစ်ပြီလားလို့ပြောလိုက်တော့ သူယောင်ရမ်းပြီးခေါင်းညိမ့်ခဲ့တဲ့နေ့ ဒီနေ့!ဘဝမှာအပျော်ဆုံးနေ့တစ်နေ့ပါပဲ။Happy Anniversary ပါကလေးငယ်။ I love you and our family so very much!" လို့ ရေးသားပြထားပါတယ် ။" ပရိသတ်ကြီၤးရေ အချစ်ကြီးလှတဲ့ ကို ဥက္ကာ အတွက် မှတ်ချက်မှာတစ်ခုခု ပြောပေးခဲ့ကြပါနော်။

Source - Oakka Kyaw.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။