မိန်းကလေး ရော ယောက်ျားလေးတွေရော လိုတာထက် ပိုပြီး ခန္ဓာကိုယ် အလေးချိန် များလာတဲ့အခါ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဝလာတာက လွယ်သလောက် ဝိတ်ပြန်ချရတဲ့ အခါမှာတော့ ခက်ခဲတာကို အများစုကတော့ သတိထားမိကြပါတယ်။ ဒီလို မဖြစ်ရလေအောင် ဘယ်တော့မှ မဝစေနိုင်ဖို့အတွက် အစားအသောက်နဲ့ ထိန်းထားနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေများများ သောက်ပါ။

ရေဓာတ်ကို ဖြည့်တင်းဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ ရေက လူတိုင်းအတွက် အကောင်းဆုံး သဘာ၀ အားဖြည့်ဆေးမို့ ရေများများ သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ ရေကို ကိုယ်အလေးချိန်ရဲ့ တစ်ဝကိုကို အောင်စနဲ့ တွက်ပြီးတော့ နေ့တိုင်း ပုံမှန် သောက်သုံးသင့်ပါတယ်။ သင်သာ ပေါင် ၁၂၀ ရှိတယ် ဆိုရင် ရေကို ၆၀ အောင်စ သောက်သင့်ပါတယ်။ ရေသောက်တဲ့ အခါ သံပရာသီးကို ထည့်ညှစ်ပြီး သောက်သုံးမယ် ဆိုရင်လည်း ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေ ပြေစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

(၂) လတ်ဆတ်တဲ့ အသီးများကို စားပါ။

ရာသီအလိုက် ပေါ်တဲ့ သဘာ၀ အသီးအနှံများကို စားသုံးပေးပါ။ ပူတဲ့ အချိန်တွေမှာ အစာချေဖျက်နိုင်စွမ်းက ပုံမှန်ထက် အားနည်းတာမို့ အေးမြတဲ့ သဘာ၀ အသီးအနှံတွေကို မကြာခဏ စားသုံးပေးပါ။ အသီးအနှံတွေက ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အစာချေဖျက်နိုင်စွမ်း ရှိတဲ့ အပြင် ဗိုက်ပူတာမျိုးလည်း မဖြစ်စေပါဘူး။

(၃) နေ့လည်စာကို များများစားပါ။

ကယ်လိုရီ ပမာဏ အများဆုံးပါတဲ့ အစားအသောက်တွေကို စားတဲ့အခါမှာ မနက်စာ (သို့မဟုတ်) နေ့လည်စာ အဖြစ် စားသုံးပါ။ နေ့လည်စာကို များများ စားပြီးတော့ ညစာကို တတ်နိုင်သလောက် လျှော့စားပါ။ ဒီလို စားသုံးခြင်းက ကိုယ်အလေးချိန်တက်ခြင်းကို အခွင့်အလမ်း အလွန် နည်းစေပါတယ်။

(၄) သကြား စားသုံးမှုကို သတိထားပါ။

သကြားက အဆီတက်ပြီး ဝစေတဲ့ အဆိုးဆုံး အစားအစာ တစ်ခုဖြစ်ပါတယ်။ ကော်ဖီ သောက်မယ် ဆိုရင် ဘလက် ကော်ဖီမျိုးကို သောက်သုံးသင့်ပြီး Coke ၊ အချိုရည် ၊ Donut နဲ့ အခြား သကြားပါဝင်မှု များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ကျန်းမာရေး လိုက်စားပါ။

ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ အစားအစာ ပုံစံများကိုလေ့လာပြီး စားသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဥပမာ - ဆီကြော်မုန့်များ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားခြင်း၊ သဘာ၀ အသီးအနှံ၊ အစေ့အဆန်များ စားသုံးပေးခြင်း စတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးသင့်တဲ့ အစားအသောက်ပုံစံများကို လေ့လာ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ထို့အပြင် လမ်းများများ လျှောက်ခြင်း၊ ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးခြင်း စတာတွေကိုလည်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများ သိရှိပြီး အားလုံးပဲ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။