အမရပူရမြို ့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို ့သွားရာလမ်းဘေးတစ်နေရာတွင်ရှိသော ဆရာမဟုအမည်ရသော အကြော်ဆိုင်ရှိအကြော်ရောင်းသူမှာ အကြော်သည်အများစုကဲ့သို ့ပညာကောင်းစွာမသင်ကြားခဲ့သူမဟုတ်ဘဲ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြုနှင့် B.Sc ဘွဲ ့ရရှိထားသူဖြစ်ပါသည် ။

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဆရာမကြီးဒေါ်ခင်နွယ်ဦးသည် လက်ရှိတွင် အမရပူရမြို ့နယ်ရှိ ကတ္တီပါရွာတွင် မူလတန်းကျောင်းအုပ်တာဝန်ကို ထမ်းဆောင်နေပါသည် ။

ဆရာမကြီးသည် အကြော်သည်တစ်ယောက်ဘဝကို ဂုဏ်ငယ်သည်ဟု မည်သည့်အခါမှ မထင်ပါ ။

ကိုယ်ဝါသနာပါရာ ကျောင်းဆရာမအလုပ်ကို လုပ်ရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ့်မိသားစု ဝမ်းစာရေးအတွက် ရိုးသားစွာ အကြော်ရောင်းခြင်းဖြစ်သည် ။

ဂုဏ်ထူးတန်းကျောင်းသူ သမီးက မနက်တိုင်း မိခင်အကြော်ရောင်းရာတွင် ကူညီပေးပြီး ရံဖန်ရံခါပြန်လာသော အရာရှိသားကြီးမှလည်း ပြန်ရောက်သည့်အခါတိုင်းမိခင်အကြော်ဆိုင်တွင် အကြော်ကူရောင်းပေးကြပါသည် ။

သားသမီးများအား လောကအလယ်တွင်ဂုဏ်တင့်စေရန် မိခင်မေတ္တာဖြင့် နေ ့စဉ် မနက် ၂နာရီမှ စတင်အလုပ်လုပ်သော ဆရာမကြီးသည် မနက်ခင်း အကြော်ဆိုင်သိမ်းချိန်တွင်လည်း မောပန်းဟန်တစ်ချက်ပင်မပြဘဲ ပညာသင်ကြားပေးရန် မူလတန်းကျောင်းလေးဆီသွားသည်မှာ လေးစားဖွယ်ကောင်းလှပါသည် ။

Source-7Day News

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။