ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အိုဘာယာရှီ ကော်ပိုရေးရှင်းက ကာဗွန် နာနိုပြွန်များကို အသုံးပြုကာ ကီလိုမီတာပေါင်း ၉၆၀၀၀ မြင့်တဲ့အာကာသသွား ဓါတ်လှေကား တစ်ခုကို ၂၀၅၀ခုနှစ် အမှီ အပြီး တည်ဆောက်တော့မှာပဲဖြစ်ပါတယ်။ အာကာသသွား ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဈေးနှူန်း ချိုသာစွာဖြင့် ပြေးဆွဲသွားမှာပဲဖြစ်ပါတယ်။ ကီလိုမီတာ ၉၆၀၀ ခန့်မြင့်မားသော အာကာသသွား ဓါတ်လှေကား တစ်စီးကို တည်ဆောက်ရန်မှာ မဖြစ်နိုင်ဟု ထင်ရသော်လည်း ၂၀၁၂ ခုနှစ်က နိုင်ငံတကာ ပညာရှင်များ ပါဝင်သော လေ့လာမှုအရ အလွန်ခိုင်ခန့်သော ကာဗွန် နာနိုပြွန်များကို အသုံးပြုလျင် ဒီလိုဓါတ်လှေကားမျိုးကို တည်ဆောက်နိုင် မှာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။နာနို ကာဗွန်ပြွန်များသည် သံမဏိကြိုးထက် အဆပေါင်း ရာပေါင်းများစွာ ပို၍ခိုင်ခံ့ပါတယ်။

သို့သော် ယင်းကာဗွန်နာနိုပြွန်များကို ထိုမျှရှည်လျားအောင် ပြုလုပ်ရန်မှာ အကြီးဆုံးအတားအဆီးတစ်ခုဖြစ်နေ သည်။ အိုဘာယာရှီကော်ပိုရေးရှင်းက ကာဗွန်နာနိုပြွန်ကို အရှည် သုံးစင်တီမီတာရအောင်သာ ပြုလုပ်နိုင်သေးပြီး ဂျပန်နိုင်ငံတစ်ဝန်းလုံးမှ သုတေသီများက ကာဗွန်နာနိုပြွန်ကို လိုအပ်သည့်အရှည်ရအောင်မည်သို့ပြုလုပ်ရမည်ကို နည်းပညာပြိုင်ပွဲများနှစ်စဉ်ကျင်းပ အဖြေရှာလျက်ရှိပြီး ၂၀၃၀ ခုနှစ်မတိုင်မှီတွင် ကာဗွန်နာနိုပြွန်ကို လိုသလိုဆွဲဆန့် နိုင်မည့် နည်းပညာကို တွေ့ရှိမည်ဟု မျှော်လင့်နေကြသည်။   

ဤအာကာသသွားဓါတ်လှေကားစီမံကိန်း အမှန်တစ်ကယ်ထမြောက်အောင်မြင်ပါလျင် အာကာသ ခရီးစဉ်အတွက် ငွေကုန်ကြေးကျများလှသော ရော့ကက်ဒုံးကျဉ်များကို အသုံးပြုရန်လိုအပ်တော့မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် အာကာသထဲသို့ အလေးချိန် တစ်ကီလိုဂရမ်ကိုပို့ဆောင်ရန် ကန်ဒေါ်လာ ၂၂၀၀၀ ကုန်ကျရာဝယ် ယင်းဓါတ်လှေ ကားဖြင့် ကန်ဒေါ်လာ ၂၀၀ သာကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြင့် ကြီးမားသောအာကာသစူးစမ်းလေ့လာမှုများအတွက်လည်း အထောက်အကူပြုပြီး အာကာသထဲ အလည် အပတ်သွားလိုသော ခရီးသည်များအတွက် ကုန်ကျစရိတ်သက်သာလှသော အစီအစဉ်ဖြစ်သဖြင့် ကမ္ဘာက စိတ်ဝင် တစား စောင့်ကြည့်နေကြကြောင်း သိရသည်။

Source : ကိုမျိုး(သုတစွယ်စုံ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။