လက်ရှိ ပြည်တွင်းသာမက ပြည်ပနိုင်ငံများစွာမှာလည်း အနာဂတ်မဲ့ မသန်မစွမ်းကလေးငယ်များစွာရှိတာကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ 

မွေးရာဝေဒနာခံစားရသူများနှင့်အတူ အခြားအကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပျက်ခဲ့ရသူတွေလည်း များစွာရှိနေခဲ့ကြောင်းသိရပါတယ်။  

လက်ရှိ ပြည်ပနိုင်ငံများစွာနှင့်အတူ ပြည်တွင်းနေရာဒေသများစွာတွင်လည်း မသန်းမစွမ်းကလေးငယ်များအတွက် နားခိုရာနေရာများစွာကို ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။ အဆိုပါ မိဘမဲ့မသန်စွမ်းကလေးငယ်စောင့်ရှောက်ရေးအတွက် ပရဟိတလူငယ်များစွာနှင့်အတူ စေတနာရှင်များစွာရဲ့ အကူအညီတွေလိုအပ်လျှက်ရှိကြောင်း သိရပါတယ်။  

လက်ရှိ အဆိုပါ မသန်စွမ်းကလေးငယ်များအတွက် နားခိုရာနေရာတစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ ကျိုက်ဝိုင်းဘုရားလမ်းက မိဘမဲ့မသန်စွမ်းကလေးငယ်စောင့်ရှောက်ရေး ဂေဟာမှကလေးငယ်များကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ ဘဝပေးမလှတဲ့ မိဘမဲ့မသန်စွမ်းကလေးငယ်များရဲ့ လိုအပ်ချက်တွေဟာ ပြည်သူများရဲ့ စာနာထောက်ထားမှုနှင့် ကူညီဖေးမမှုတွေဖြစ်တာကို လက်ဆင့်ကမ်းမျှဝေပေးရင်းခြင်း ကူညီကြပါအုန်းနော်။

Photos - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။