သစ်ကြံပိုးခေါက်မှုန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ ဖျားနာကိုက်ခဲခြင်းနဲ့ အစာအိမ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် သစ်ကြံပိုး ခေါက်မှုန့်ရဲ့ အသားအရေအလှအပအတွက် အသုံးဝင်ပုံတွေကို စည်စည် က ပြန်လည်မျှဝေလိုက်ပါတယ်နော် ။ ဒီနည်းလမ်းလေးတွေကို အိမ်မှာပြန်လုပ်ကြည့်ကြဖို့လည်းမမေ့ကြပါနဲ့နော်။  

(၁) သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဝက်ခြံဖြစ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တဲ့အပြင် ထပ်မံမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတဇွန်းခန့်တို့ကို ရောစပ်ပြီး ဝက်ခြံဖြစ်ပေါ်နေတဲ့ အသားအရေနေရာပေါ်ကို လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) သစ်ကြံပိုးခေါက်ဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး မွဲခြောက်နေတဲ့ အသားအရေတွေကို ပြန်လည် စိုပြည်စေတာကြောင့် သစ်ကြံပိုးခေါက်မှုန့်နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး Scrub အဖြစ် အသားအရေအတွက် အသုံးပြုနိုင်ပါတယ်။ ပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ ကြည်လင်စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အသားအရေယားယံတာနဲ့ အဆီဖုလို သေးငယ်တဲ့ အဖုတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၃) သစ်ကြံပိုးခေါက်ဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့ တွန်းအားပေး တာကြောင့် အမာရွတ်နေရာတွေပေါ်မှာ ပျားရည်နဲ့ရောစပ်ပြီး သုတ်လိမ်းပေးမယ်ဆိုရင် သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဒူးနဲ့တံတောင်ဆစ်တို့လို ညိုမည်းနေတဲ့နေရာတွေပေါ်မှာ သစ်ကြံပိုးခေါက်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး သုတ်လိမ်းပေးမယ်ဆိုရင်လည်း သိသိသာသာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၄) ညိုမည်းနေတဲ့ နှုတ်ခမ်းသားတွေကို ပန်းသွေးရောင်ပြန်လည်တောက်ပစေဖို့အတွက် သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်၊ ပျားရည်လက်ဖက်ရည်ဇွန်းတဇွန်းခန့်နဲ့ သံလွင်ဆီအနည်းငယ်တို့ကို ရောစပ်ပြီး သုတ်လိမ်းပေးမယ်ဆိုရင်တော့ နှုတ်ခမ်းသားတွေကို ပန်းသွေးရောင်အဖြစ် ပြန်လည်တောက်ပနေစေမှာ ဖြစ်ပါတယ်။

Source - beautymunsta.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။