အသားအရေကြည်လင်ဖြူဝင်းနေစေဖို့ အလှအပပစ္စည်းတွေလည်းလိုအပ်သလို ကိုယ်တိုင် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ အခြေခံအသားအရေထိန်းသိမ်းနည်းတွေကိုလည်း သိရှိထားဖို့လိုအပ်ပါတယ် ။ ဒါ့ကြောင့် စည်စည် က လွယ်ကုတဲ့ အိမ်တွင်းအသားအရေထိန်းသိမ်းနည်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

(၁) အသားအရေကြည်လင်ဖြူဝင်းစေဖို့အတွက် တခါတရံမှ Skincare ပြုလုပ်တတ်တဲ့ အကျင့်ကိုတော့ အရင်ဆုံး စွန့်လွှတ်သင့်ပါတယ်။ အလှအပပစ္စည်းတွေ Skincare တွေ သုံးစွဲတာအပြင် ရေများများသောက်တာ ၊ အသီးအနှံများများစားတာနဲ့ အပြင်ထွက်တဲ့အခါ Sunscreen လိမ်းတာမျိုးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(၂) သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ချေးချွတ်တာမျိုးဟာလည်း အသားအရေကြည်လင်ဖြူဝင်းနေစေဖို့အတွက် အရေးပါပါတယ်။ သံပုရာသီး၊ ခရမ်းချဉ်သီးစတဲ့ သဘာဝကရရှိတဲ့ အသီးအနှံတွေဟာ အသားအရေကို ဖြူဝင်းစေတာကြောင့် သံပုရာရည် ဒါမှမဟုတ် ခရမ်းချဉ်သီးအရည်တို့ကို အသားအရေပေါ် လိမ်းပြီးတပတ်မှာ နှစ်ကြိမ်ခန့် ပါင်းတင် ပေးသင့်ပါတယ်။

(၃) နောက်ထပ်အရေးကြီးတာတခုကတော့ အသားအရေကို ပေါင်းတင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် (moisturizer) တမျိုးမျိုးကို မဖြစ်မနေ အသုံးပြုပေးဖို့ပဲ ဖြစ်ပါတယ်။ မျက်နှာအသားအရေဟာ ပေါင်းတင်ပြီးတဲ့အခါ အရေပြား ခြောက်သွေ့ တာမျိုးဖြစ်တတ်တာကြောင့် moisturizer တမျိုးမျိုးကို သေချာနှံ့စပ်အောင် လိမ်းပေးသင့်ပါတယ်။

(၄) အသားအရေဖြူဝင်းလိုသူတွေ သိထားသင့်တာတခုကတော့ ရေချိုးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာအမျိုးအစားပဲ ဖြစ်ပါ တယ်။ မိမိနဲ့သင့်တော်ပြီး အသားဖြူချင်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Whitening ဆိုတဲ့ စာသားပါတဲ့ ဆပ်ပြာအမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၅) နောက်ထပ်မဖြစ်မနေ ပြုလုပ်ပေးဖို့လိုတာကတော့ lotion ကို ရေချိုးပြီးတဲ့အခါတိုင်း လိမ်းပေးသင့်ပါတယ်။ lotion လိမ်းပေးခြင်းဟာ အသားအရေ မွဲခြောက်ကြမ်းတမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေဖြူဝင်းချင်သူတွေ အနေနဲ့ အစိုဓာတ်များပြီး whitening အစွမ်းသတ္တိပါဝင်တဲ့ lotion အမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

Source - www.rewardme.in

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။