မြန်မာ့အနုပညာလောကမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်ဒါရိုက်တာကြီးကိုပေါက်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ရှေးဝါရင့် သရုပ်ဆောင်ကြီးများစွာနှင့်အတူ ပူးပေါင်းသရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ အပြင် လက်ရှိနာမည်ကြီး ဒါရိုက်တာကြီးတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

ပရိသတ်အကြိုက် ဇာတ်လမ်းများစွာနှင့်အတူ ရုပ်ရှင်ဇာတ်ကားကြီးများစွာရိုက်ကူးထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့က ကိုပေါက်ကတော့ မိသားစုနှင့်အတူ ပုဂံရောက်အမှတ်တရပုံရိပ်တွေ ရိုက်ကူးပြသထားတာတွေ့ရပါတယ်။  

အဆိုပါ ဓာတ်ပုံလေးတွေမှာတော့ မိသားစုလိုက် ပျော်ပွဲစားထွက်ရှိခဲ့တာဖြစ်ပြီး ပုဂံမြေရဲ့ အထင်ကရဒေသတွေမှာ သွားရောက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးတွေအပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးနေတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ မိသားစုပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ သိရှိနိုင်စေရန် ဒီကနေ့ ခရီးစဉ်ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Aung Min Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။