လူတိုင်းလူတိုင်းရဲ့ ရင်ထဲ မှာ သူတို့ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကိုယ်စီရှိတတ်ကြပါတယ်။ ဒီအရာတွေကို ငယ်စဉ်မှအကောင်အထည်ဖော်ခွင့်မရကြပေမယ့် အသက်ကြီးလာတဲ့အချိန်မှာ ပြန်လည်ဖော်ထုတ်တတ်ကြပါတယ်။ အခုလည်းဒီလိုပါဘဲ နိုင်ငံကျော် အဆိုတော် ချင်းတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ ထန်ပါးတစ်ယောက် ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ စူပါမင်းဘဝကို ခဏတာ ရရှိစေဖို့အတွက် သီချင်းလေးတစ်ပုဒ်ကို ဖန်ဆင်းလိုက်ပါတယ်။

မကြာခင်ကာလမှာ ထန်ပါးကို ကမ္ဘာကြီးကို ကာကွယ်မယ့် စူပါမင်းတစ်ယောက်အဖြစ် ဂီတလောကကိုထိုးဖောက်တော့မှာလည်းဖြစ်ပါတယ် ။ ထန်ပါး ဟာ မတူညီတဲ့ ဖက်ရှင် ၊ ထူးခြားတဲ့ အိုင်ဒီယာတွေ သီချင်း ဖန်တီးမှုတွေနဲ့ ဂီတလောကမှာပရိသတ်င်္တေအားပေးမှုကို လည်း အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ ထန်ပါးတစ်ယောက် ယခင်ကလိုပဲ တေးရေး ။ တေးဆို ၊ ဟာမိုနီ၊ ဒါရိုက်တာ ၊သရုပ်ဆောင်တွေကို သူကိုယ်တိုင်ပဲဆောင်ရွက်မယ်လို့ သူ့ဖော်ပြထားချက်များအရ သိရပါတယ် ။

ပရိသတ်ကြီးရေ ထန်ပါးတစ်ယောက် ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ စူပါမင်း ဝတ်စုံလေးနဲ့ ပရိသတ်တွေကို ထုတ်ကြွားလိုက်တာလေးကလည်းချစ်စရာပါ ။ ဆန်းပြားတဲ့ ဖက်ရှင်စတိုင်တွေနဲ့ ဖမ်းစားတတ်တဲ့ ထန်ပါးတစ်ယောက် အခုတစ်ခေါက်မှာလည်း စူပါမင်းဖက်ရှင် နဲ့ အချိုးအစားကျေနတာကလည်း သူ့ရဲ့ ထူးခြားတဲ့ ဖက်ရှင် မျက်စိကြောင့် လို့လည်းဆိုရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စူပါမင်း အဖြစ် ကမ္ဘာကိုကယ်တင်ဖို့သီချင်းလေးတစ်ပုဒ် ကို လက်ဆောင်ပေးတော့မှာဖြစ်လို့ မှတ်ချက်မှာ ထန်ပါးအတွက်အားပေးစကားပြောဖို့ မမေ့နဲ့နော် ။  

Source - Thang Paa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။