Rapper မလေး Poppy Pyonnလို့ လူသိများတဲ့ အဆိုတော်ပြုံးမြသွယ်ကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားတဲ့ တက်သစ်စမော်ဒယ်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော် G Fatt ၊ J Fire တို့နဲ့ တွဲဖက်သီဆိုထားတဲ့သီချင်းလေးတွေကနေ ပရိသတ်တွေစတင်သတိထားမိခဲ့တာဖြစ်ပြီး အသက်ငယ်ပေမယ့်လည်း အဆိုပညာမှာ တကယ့်ကို ပါရမီပါတဲ့ သူလေးဖြစ်တာကြောင့် အချိန်တိုအတွင်းမှာတင်ပရိသတ်အားပေးမှာအခိုင်အမာရရှိလာတာပဲ ဖြစ်ပါတယ်။အသံပိုင်းဆိုင်ရာမှာ လေးနက်စူးရှပြီး သာမာန်လူတွေ ဆိုဖို့ခက်တဲ့ Rapသီချင်းတွေကို အခက်ခဲမရှိသီဆိုသွားတာကြောင့် ပရိသတ်တွေအမြဲချီးကျုးနေရတာပဲ ဖြစ်ပါတယ်။ 

Rapတင်မကပဲ သီဆိုချိုသာတဲ့အသံလေးနဲ့လည်း မယ်လိုဒီ သီချင်းအေးအေးလေးတွေကို ထူးထူးချွန်ချွန်သီဆိုနိုင်တဲ့ သူမကတော့ အဆိုပညာအရ တော်တော်လေး ဘက်စုံပိုင်နိုင်တဲ့ အဆိုရှင်မလေးလို့ဆိုရမှာပဲဖြစ်ပါတယ်။လက်ရှိမှာလည်း သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ် ထွက်ရှိထားပြီး ပရိသတ်တွေအရမ်းကိုသဘောကျနှစ်သက်နေရကြပါတယ်။ သီချင်းလေးကတော့ တစ်ယောက်တစ်ကမ္ဘာလို့အမည်ပေးထားပြီး ခပ်အေးအေးလေးနဲ့ ရင်ထဲကိုထိတဲ့စာသားတွေနဲ့ရေးဖွဲ့သီကုံးထားတာပဲ ဖြစ်ပါတယ်။  

ဒီသီချင်းလေးကိုတော့ နိုင်ငံကျော်တေးသံရှင် ဆောင်းဦးလှိုင် ကရေးသားပေးထားတာပဲ ဖြစ်ပါတယ်။ဒီသီချင်းလေးကတော့ အလွမ်းအဆွေးဓာတ်ခံရှိနေတဲ့သူတွေအတွက်တော့ အ၇မ်းကို Feelလို့ကောင်းမယ့် သီချင်းပုံစံလေးဖြစ်ပြီး ပြုံးမြသွယ်ရဲ့ ချိုသာတဲ့သီဆိုမှုလေးအောက်မှာ ပရိသတ်တွေခေတ္တခဏမျောလွင့်သွားရမှာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအားလုံးအတွက် ပြုံးမြသွယ်ရဲ့ တစ်ယောက်တစ်ကမ္ဘာဆိုတဲ့သီချင်းအသစ်လေးကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။  

သတင်းအရင်းအမြစ် - ပြုံးမြသွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။