မင်းသားဖြိုးငွေစိုးကတော့ မြန်မာနိုင်ငံက မင်းသားတွေထဲမှာမှ တောင့်တင်းသန်မာလှတဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။

ဖြိုးငွေစိုးဟာ လွန်ခဲ့တဲ့ နှစ်တော်တော်များများထဲက ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့တဲ့ မင်းသားဖြစ်သလို အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။

ဖြိုးငွေစိုးကတော့ အခုအချိန်မှာ သူအရမ်းဝါသနာပါလှတဲ့ လတ်စကတ်ဘော ကစားနည်းကို ပြန်လည်လေ့ကျင့်နေခဲ့ပါပြီ။

ဖြိုးငွေစိုးကတော့ နည်းနည်းတော့နီးစပ်လာပါပြီး တစ်နေ့ပြီးတစ်နေ့ နေ့တိုင်း ရပ်တန့်လို့ လုံးဝလို့မဖြစ် ဆိုတဲ့စကားလေးတွေတောင် ဖွင့်ဟလာပြီး အရမ်းကို ကျိုးစားလေ့ကျင့်နေတာပါ။

ဖြိုးငွေစိုးဟာ အခုလိုလေ့ကျင့်နေရတာလဲ ကျွန်တော်ဗလကြီးဖြစ်ချင်တာမဟုတ်ပါဘူး။ ကျနော် ဘတ်စကတ်ဘောပြန်ကစားချင်တာ ၊ ပြန်နိုင်ချင်တာပါ၊ ကွင်းထဲမှာ အမော့ဆို့ သေမလိုဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် မကျေနပ်လို့ပါ ဆိုတဲ့ စကားလေးတွေလည်းဖွင့်ဟလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ အနုပညာရှင်ပဲဖြစ်ဖြစ် သာမန်လူပဲဖြစ်ဖြစ် ကိုယ်တကယ်ဖြစ်ချင်တဲ့ အရာဆိုရင်တော့ဘယ်လိုအခက်အခဲတွေပဲကြုံတွေကြုံတွေ့ ဖြစ်အောင်ကျိုးစားကြရမှာပါပဲ။

ပရိသတ်တွေလည်း မင်းသားဖြိုးငွေစိုးလိုမျိုး ကိုယ်ဖြစ်ချင်တဲ့အရာကို အကောင်းမွန်ဆုံးဖြစ်အောင် ကျိုးစားဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

source - Phyo Ngwesoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။