စတော့ဟုမ်းမြို့မှာပြုလုပ်တဲ့ လူရွေးပွဲမှာ ချိုင်းထောက်လေးနဲ့ Redbone ရဲ့ Childish Gambino ကို ဂစ်တာလေးတစ်လက်နဲ့ ဆိုပြခဲ့တဲ့ ကရင်လေးတစ်ယောက်ဟာ အခုအချိန်မှာတော့ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်ဖို့ လမ်းစပွင့်ခဲ့ပါပြီ ။ စောကီဆိုးလို့ ခေါ်တဲ့ ကရင်တိုင်းရင်းသားလေးတစ်ယောက်ဟာ ဆွီဒင်နိုင်ငံမှာနေထိုင်ရင်း သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို ကိုယ်တိုင်ဖွင့်ခဲ့တာပါ ။အခုအချိန်မှာတော့ စောကီဆိုးတစ်ယောက် မျက်နှာချိုချို နဲ့ ချစ်စရာ ကရင်ကောင်လေးအဖြစ် ကမ္ဘာ့ပရိသတ်တွေအသိအမှတ်ပြုခြင်း ကိုခံခဲ့ရပါပြီ ။

အခုအချိန်မှာတော့ 2018 ဆွီဒင် အိုင်ဒေါရဲ့ ဒုတိယမြောက် အပတ် ကို ရောက်ရှိနေပြီဖြစ်ပြီး စောကီဆိုး တစ်ယောက် အသစ်အသစ်သော သီဆိုတင်ဆက်မှုတွေနဲ့ ဖျော်ဖြေနေခဲ့တာလည်းဖြစ်ပါတယ် ။ ဘယ်နေရာ ဘယ်ဒေသ ကို ရောက်ရောက် ကရင်လူမျိုးတစ်ယောက်အဖြစ် ဂုဏ်ယူတတ်တဲ့ စောကီဆိုးတစ်ယောက် ကရင် အဝတ်အစားလေးကို ဝတ်ဆင်ပြီး သီဆိုဖျော်ဖြေခဲ့တာပါ ။ ကမ္ဘာအရပ်ရပ်က ပရိသတ်တွေကလည်း ကီမှ ကီ ဖြစ်နေကြပါပြီ။ စောကီဆိုးတစ်ယောက် မိခင် ကရင်ဘာသာအပြင် ဆွီဒင် ဘာသာနဲ့ အင်္ဂလိပ်ဘာသာတွေကိုလည်း ကောင်းစွာပြောတတ်သူတစ်ယောက်ပါ ။

အင်္ဂလိပ်သီချင်းတွေကို မူရင်းသီဆိုသူ တွေ နဲ့ မခြား လေယူလေသိမ်းကောင်းကောင်နဲ့ သီဆိုတတ်တာမို့ ကီ့ ရဲ့ စင်မြင့်ပေါ်က ဖျော်ဖြေမှုတွေဟာ ကြည့်ရှုသူတွေ များပြားနေခဲ့ပါပြီ ။ဆွီဒင်တွေ ကီ လို့ချစ်စနိုးနဲ့ ခေါ်ကြတဲ့ စောကီဆိုး ဟာ 1998 ခုနှစ်မှာင်္မေးခဲ့တာဖြစ်တဲ့အတွက် အခုအချိန် မှာအသက် ၂၀ သာရှိသေးပေမယ့် ဂီတနဲ့ ပတ်သက်တဲ့ ဇမသေးတာကြောင့် ကမ္ဘာမှာထင်ပေါ်ခဲ့ပါပြီ ။ ။စောကီဆိုးရဲ့ အောင်မြင်တဲ့ဖျော်ဖြေမှုတွေကိုမျှဝေရင်း အသံသာယာတဲ့ ဖားစည်မြေက စောကီဆိုးအတွက် ဆုတောင်းပေးလိုက်ကြရအောင်ပါနော် ။

Source - Ki Soe / Idol Sverige i TV4 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။