စက်တင်ဘာ ၂၀ ရက်နေ့က နယ်သာလန်နိုင်ငံတွင် ရထားတစီးမတော်တဆဖြစ်ပွားခဲ့ရာမှ အပြစ်မဲ့ကလေးငယ် (၄)ဦးအသက်ပေးလိုက်ရတယ်လို့သိရပါတယ်။အဆိုပါ ရထားတစီးဟာ ကုန်တင်စက်ဘီးတစီးကို ဝင်တိုက်ခဲ့မိရာမှအခုလို ကလေးငယ်များအသက်ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ကုန်တင်စက်ဘီးဆိုတာကတော့လျှပ်စစ်စက်ဘီး အမျိုးအစားဖြစ်ပြီး ဒတ်ချ်လူမျိုး မိဘတွေဟာ သူတို့ကလေးတွေကို တင်ပြီးစီးနှင်းတဲ့ အတွဲလိုက်စက်ဘီးတစ်မျိုးပဲ ဖြစ်ပါတယ်။

အဆိုပါ ကုန်တင်စက်ဘီးလို့အမည်ရတဲ့ အတွဲလိုက်စက်ဘီးမျိုးတွေကိုနယ်သာလန်နိုင်ငံတွင် တွင်တွင်ကျယ်ကျယ် စီးနှင်းလေ့ရှိတယ်လို့သိရပါတယ်။အဆိုပါရထားမှုဖြစ်စဉ်မှာ ကလေးငယ်လေးဦးအသက်ပေးလိုက်ရတဲ့အပြင် လူ ၂ ယောက် လည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ထိုမတော်တဆ ရထားတိုက်မှုဟာ ဂျာမနီနိုင်ငံနဲ့ နယ်စပ်နားက အော့စ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အနားမှာ မျက်မြင်သက်သေ အများအပြား ရှိတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေကတော့ မူကြိုကနေ ကျောင်းဆီပို့နေချိန်မှာ မတော်တဆ ဖြစ်ခဲ့တာလို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ဒဏ်ရာရသူ ၂ ယောက်ကို တော့ အနီးနားက ဆေးရုံကို အရေးပေါ် တင်ပို့လိုက်ရတယ်လို့သိရပါတယ်။ဝင်တိုက်ခဲ့တဲ့ ရထားမှ တာဝန်ရှိသူတွေကိုလည်း စစ်ဆေးလျက်ရှိပြီး ဥပဒေအရဆက်လက်ဆောင်ရွှက်မယ်လို့သိရပါတယ်။  

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။