ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောနှစ်ဦးဖြစ်ကြတဲ့ သက်မွန်မြင့်နဲ့ ခင်လေးနွယ်တို့ နှစ်ယောက်ကတော့ အတွဲညီလွန်းတဲ့ BFF သူငယ်ချင်းတွေပါပဲ..။

ချစ်စရာကောင်းတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ အမြဲစိတ်တူကိုယ်တူ သွားတူလာတူနဲ့မို့ ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း ခရီးတွေလည်း အတူ သွားရောက်ပြီး လျှောက်လည်အပန်းဖြေခဲ့ပါသေးတယ်..။

သူငယ်ချင်းတွေနဲ့အတူစုံပြီး အခမ်းအနားပွဲတော်တော်များများလည်း တတ်ရောက်ခဲ့ကြပြီး စက်တင်ဘာ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Anello bag ရဲ့ Ambassador ခန့်အပ်ပွဲလည်း ချစ်သက်နဲ့ ခင်လေးတို့သူငယ်ချင်းတွေ အတူတတ်ရောက်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

အခမ်းအနားပွဲတတ်ပြီး အပြန်မှာတော့ အခြားသူငယ်ချင်းတွေနဲ့ Pasta Napoli မှာ Dinner ဝင်စားခဲ့ကြပြီး နှစ်ယောက်အတူ ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကိုလည်း ခင်လေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“သွားစားတာလား....ဓါတ်ပုံ သွားရိုက်တာလား...

မသဲကွဲဘူး..

မနေ့ညကဖြစ်သည်..” ဆိုပြီးတော့ ပဲပေးဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်..။

နှစ်ယောက်သား ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကလည်း ကလေးတွေလို လွတ်လပ်ပျော်ရွှင်စွာ ချစ်စဖွယ်လေး ပဲပေးဓာတ်ဖမ်းခဲ့ကြတာမို့ အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo - ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။