AFFSUZUKICUP2018ပြိုင်ပွဲကိုတော့နိုဝင်ဘာလမှာကျင်းပတော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပမှုပုံစံအသစ်တွေနဲ့ပထမဆုံးယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့

အုပ်စုပွဲစဉ်တွေကစပြီးအိမ်ကွင်းအဝေးကွင်းပုံစံနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာမြန်မာအသင်းဟာဗီယက်နမ်၊မလေးရှား၊ကမ္ဘောဒီးယား၊လာအိုအသင်းတို့နဲ့

ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာကမ္ဘောဒီးယား၊ဗီယက်နမ်တို့နဲ့ပွဲစဉ်ကို

အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းပရိတ်သတ်တွေဟာအိမ်ကွင်းမှာ

ယှဉ်ပြိုင်မယ့်နှစ်ပွဲကိုမန္တလေးပရိတ်သတ်တွေကတစ်ပွဲကိုမန္တလာသီရိကွင်းမှာကျင်းပစေချင်ခဲ့တာပါ။

ပြိုင်ပွဲကျင်းပဖို့ကုန်ကျစရိတ်များတာကြောင့်သုဝဏ္ဏကွင်းမှာလုပ်မယ်လို့သတင်းတွေထွက်ခဲ့ပေမယ့်

အာစီယံဘောလုံးအဖွဲ့ချုပ်တို့နဲ့မြန်မာဘောလုံးအဖွဲ့ချုပ်တို့ကြိုးစားမှုကြောင့်မန္တလာသီရိကွင်းမှာကျင်းပခွင့်ရတာပါ။

ကမ္ဘောဒီးယားနဲ့ပွဲတစ်ပွဲကိုတော့မန္တလာမြေမှာကျင်းပမှာဖြစ်တာကြောင့်မန္တလာက

ပရိတ်သတ်တွေကိုအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။