အသံသြဇာကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်တဲ့ အဆိုတော်မလေးပိုပို တစ်ယောက် ဆံပင်အဖြူရောင်လေးနဲ့ ဘာဘီအရုပ်မလေးလို အရမ်းကိုချစ်စရာကောင်းလွန်းနေပါတယ် ပရိသတ်ကြီးရေ။ သူမရဲ့ဆံပင်အရောင်ကို ဝေဖန်သူတွေရှိနေပေမယ့် ပိုပိုတစ်ယောက် ဒီဆံပင်ပုံစံနဲ့ အရောင် လေးကို အရမ်းကိုနှစ်သက်လို့နေပါတယ်။

သီချင်းခွေတွေလည်းထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာ အချိန်အတိုင်းအတာတစ်ခုထိ ရပ်တည်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ပရိသတ် အားပေးမှုကိုအပြည့်အဝရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ မုံရွာမှာလက်မှတ်ရေးထိုးပွဲလုပ်တုန်းက သူမကိုဖက်နမ်းသွားတဲ့ကောင်လေးတစ်ယောက်ကိုလည်း လိုက်ရှာနေတယ်လို့ သူမက ခပ်နောက်နောက်ဆိုခဲ့ပါသေးတယ်။

သူမကကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့အတွက် Gym ဆော့ခဲ့ပြီး Gym မှာ သူမအားကစားလုပ်နေပုံလေးကို Tik Tok Video လေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပေါင် 20 အလေးရှိတဲ့ အလေးတုံးကို တဆက်တည်း မ ပြသွားတဲ့ သူမရဲ့အလန်းစား Skill က လောျ့တွက်လို့တော့မရဘူးနော် ပရိသတ်ကြီး။ ပိုပိုတစ်ယောက် ဘယ်လိုတွေမိုက်နေတယ်ဆိုတာ တင်ဆက်ပေး လိုက်ပြီနော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။