Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲတွေထဲက ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူတွေထဲမှာ ငွေဇင်လှိုင်းကလည်း အပါအဝင်ပါပဲ..။

ပြိုင်ပွဲဝင်တော်တော်များများဟာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေအပြင် အနုပညာရှင်တော်တော်များများရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ရရှိထားကြတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ငွေဇင်လှိုင်းနဲ့ ပိုးမီတို့ဟာ မြန်မာပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်တဲ့ ချစ်သက်တို့ သားအမိတွေဆီ အလည်သွားရောက်ခဲ့ပြီး အမှတ်တရ ဓာတ်ဖမ်းခဲ့ကြတာလည်း တွေ့ရပါတယ်..။

"အလွမ်းပြေသွားးဘီ.. အသဲတုန်းးလေးများနဲ့.. Save the date !!!.." ဆိုပြီး ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အလည်သွားရင်း ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြတဲ့ ပုံလေးတွေကလည်း တကယ်ကို ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေကလည်း နှစ်သက်သဘောကျနေကြတာ တွေ့ရပါတယ်..။

ချစ်သက်တို့ သားအမိနှစ်ယောက်နဲ့အတူ ငွေဇင်လှိုင်း ပိုးမီတို့ အတူ အမှတ်တရ ဓာတ်ဖမ်းခဲ့တဲ့ ချစ်စရာ ပုံလေးတွေကိုတော့ Myanmarload ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ငွေဇင်လှိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။