မန္တလေးခရိုင်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလအတွင်း လူကို ရိုက်နှက်ကာ ဓားထောက်ခြိမ်းခြောက်ပြီး ပစ္စည်းလုယက်မှုပေါင်း ၁၄ မှုဖြစ်ပွားခဲ့ပါသည်။

ထိုအမှုများတွင် ၈ မှုက်ို ဖမ်းဆီးရမိခဲ့တယ်လို ့ မန္တလေးခရိုင်ရဲတပ်ဖွဲ ့ရုံးမှ သိရှိရပါသည်။

ဇန်နဝါရီ ၄ ရက်က မန္တလေးမြို ့ရှိ စွယ်တော်မြတ်စေတီတော် အနီးရှိ ရေကန်တွင် ဆိုင်ကယ်ရပ်ပြီး သူငယ်ချင်းများကို စောင့်နေသော အမျိုးသားနှစ်ဦးသည် ဓားထောက်လုယက်မှုနှင့်ကြုံတွေ ့ခဲ့ရပါသည်။

ထိုသူနှစ်ဦးကို အမျိုးသား ၅ ဦးမှ ဓားနဲ ့ထောက် လက်သီးနဲ ့ထိုး တုတ်နဲ ့ရိုက်ကာ ဆိုင်ကယ်နဲ ့လက်ကိုင်ဖုန်းကို လုယူသွားခြင်းဖြစ်ပေါ်ခဲ့ပါသည် ။ ယင်း အမျိုးသား ၅ဦးကို ဇန်နဝါရီ ၆ ရက်နေ ့တွင် ဖမ်းဆီးရရှိခဲ့ပါသည်။

ဇန်နဝါရီ ၂၇ ရက်နေ ့ကလည်း အလှကုန်အရောင်းဆိုင်တွင်ညပိုင်းအချိန်ပိုဆင်းပြီးပြန်လာသော အမျိုးသား ၂ ဦးကို ည ၁၁ နာရီခန် ့လမ်း ၈၀ ၂၅ လမ်းနဲ ့ ၂၆ လမ်းကြားမှာ လူငယ် ၃ ယောက်က ဓားထောက်ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း နဲ ့ပိုက်ဆံတွေလုယူခဲ့ပါသည်။

ထို ့အပြင် ပိုက်ဆံထပ်တောင်းသောအခါ မပေးသောကြောင့် ဓါးနဲ ့ထိုးကာထွက်ပြေးသွားသော ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ညပိုင်းတွေမှာသာမက မနက်ခင်းပိုင်းတွေပါ လူပြတ်သောနေရာများတွင် ဓါးထောက်လုယက်မှုများ ကြုံတွေ ့လာရသောကြောင့် မန္တလေးမြို ့နေလူထုမှာ စိတ်မလုံခြုံမှုတွေ ကြုံတွေ ့နေရတယ်လို ့ဒေသခံတွေက ဆိုပါတယ်။ ယခုလို လုယက်မှုတွေဖြစ်ပွားတာနဲ ့ပတ်သက်ပြီး “ ရဲတပ်ဖွဲ ့အင်အားတွေထုတ်နှုတ်ကာ နေ ့အချိန်နဲ ့ညအချိန်တွေမှာ အရပ်ဝတ်နဲ ့စောင့်ကြပ်တာတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို ့အတွက်တွေ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ မန္တလေးခရိုင်ရှိ မြို ့နယ်တိုင်းမှာ ရှောင်တခင်စစ်ဆေးတာတွေ

ပိတ်ဆို ့ရှာဖွေမှုတွေ လူပြတ်လပ်တဲ ့နေရာတွေမှာလည်း ရဲတပ်ဖွဲ ့အင်အားတွေ ထုတ်နုတ်ပြီး တိုင်း ခရိုင်တွေမှာ ယခုလို် ဖြစ်စဉ်တွေ ထပ်မံမဖြစ်စေဖို ့ဆောင်ရွက်နေပါတယ်။ လုယက်မှုနဲ ့မိထားတဲ ့သူတွေကိုလည်း ကွင်းဆက်တွေ ထပ်မိဖို ့စစ်ကြောနေတာတွေရှိတယ်။

ပြစ်မှုကျူးလွန်နိုင်တဲ ့သူတွေကို အပိုင်စခန်းတွေအလိုက် သတင်းယူ စုံစမ်းနေတာတွေလဲ ရှိတယ်” လို ့မန္တလေးခရိုင် ရဲတပ်ဖွဲ ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဆိုုပါတယ်။ မန္တလေးဒေသခံများကတော ့အရင်လို အေးချမ်းမှုကို အမြန််ဆုံးပြန်လည်အလိုရှိနေကြပါတယ်။ 

Source: Kumudra

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။