အမျိုးသမီးများအနေဖြင့် ခြေသည်းလက်သည်းကို အရှည်ထားတတ်ကြပါတယ်။ ဒီလိုခြေသည်းလက်သည်း တွေရှည်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ဓာတ်မညီမျှမှုကြောင့် (သို့မဟုတ်) ထိခိုက်ပြီးတော့လည်း ကျိုးတတ်ကြပါ တယ်။ ခြေးသည်းလက်သည်းတွေကျန်းမာဖို့အတွက် အာဟာရဓာတ်ပြည့်ဝမှရမှာနော်။ ဗီတာမင် ချို့တည့် နေရင်လည်းကျိုးတတ်ပါတယ်။ဒါကြောင့် ဥအမျိုးမျုးိ စားပေးပါ။ ဗီတာမင်ဓာတ်ကတော့ ခြေသည်းလက်သည်း တွေအတွက် အကောင်းဆုံး အာဖြည့်အစားစာဖြစ်ပါတယ်။ 

ဘိုင်အိုတင် ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးကိုလည်း စားပေးသင့်ပါတယ်။ပဲအမျိုးမျိုးကို စားပေးလို့ရပါတယ်။ အလွယ်တစ်ကူ ဝယ်ယူလို့ရတဲ့ ကွေကာအုပ်မှာလည်း ခြေသည်းလက်သည်းတွေအတွက် အကျိုးပြုတဲ့ ဗီတာမင် ဓာတ်ပါဝင်ခြင်းကြောင့် စားပေးသင့်ပါတယ်။နေကြာစေ့ မှာတော့ သတ္တျဓာတ်ပါဝင်နေပြီး အာဟာရ ဓာတ်အတွက် စိတ်ချရပါတယ်။ 

ဖရုံစေ့ ဟာ လက်သည်းခြေသည်းတွေမက ဆံသားတွေကိုလည်း ကျန်းမာစေတာမို့ စားပေးရပါမယ်။ ဇင့်ဓာတ် အဓီကပါဝင်တာမို့ နှုတ်ခမ်းသားခြောက်ခြင်း၊ လက်သည်းခြေသည်းမှာ အဖြူစက်လေးတွေပေါ်ခြင်းတွေကို ပျေက်ကင်းစေပါတယ်။နာနတ်သီးကိုလည်း စားပေးလို့ရပါတယ်။ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ အများဆုံးဟင်းလျားအဖြစ်စားဖြစ်နေတဲ့ ဟင်းနုနွယ်ကလည်း သံဓာတ်အားဖြည့်ပေးတာမို့ စားပေးသင့်တဲ့ အစားသောက်တွေထဲမှာတစ်ခုအပါဝင်ပါပဲနော်။  

Source: JOlly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။