ခေါင်းကိုက်ခြင်းက ပုံစံအမျိုးမျိုးရှိကြပါတယ်။စိတ်ဖီစီးမှုကြောင့် ခေါင်းကိုက်ခြင်း၊ ဦးနှောက်ရောဂါတစ်ခုခု ကြောင့် ခေါင်းကိုက်ခြင်း၊ ဒီလိုခေါင်းကိုက်တဲ့ ပုံစံအမျိုးမျုးိရှိတဲ့အနက် ခေါင်းအရှေ့ဖက်ခြမ်းကိုက်ခြင်း၊ နောက် ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံးတင်းပြီးကိုက်ခြင်း၊ ခေါင်းမထူးနိုင်အောင် ကိုက်ခြင်း၊ တို့ခံစားရတတ်ကြပါတယ်။ 

တစ်ချို့ကတော့ အိပ်ရေးမဝခြင်း၊ မောပန်းခြင်း၊ အာရုံစိုက်မရခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ခန္ဓာကိုယ်ရဲ့ ကြွက်သား များနာကျင်ခြင်း၊ ထုံထိုင်းနေခြင်း၊ နဖူးကြောများတင်းပြီး ကိုက်နေခြင်း၊ စတဲ့ဝေဒနာတွေကို ခံစားရလည်းရှိပါတယ်။င်္ဒီလိုလက္ခဏာတွေ ခံစားရရင် ပေါ့ပေါ့ မထားကြပါနဲ့။ဒါကြောင့် အထက်မှာဖော်ပြခဲ့ တဲ့ လက္ခဏာတွေဟာ တစ်ပတ်ကို နှစ်ကြိမ်လောက်အနည်းဆုံးထထဖြစ်ရင် ဆရာဝန်နဲ့ သွားပြပေးပါ။

သံဓာတ်ချို့တဲ့ခြင်းကြောင့်လည်း ခေါင်းကိုက်တတ်ပြီး အမျိုးသမီးအများစုက ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သံဓာတ်မချို့တဲ့အောင် နေပါ။တွေ့ရာခေါင်းကိုက်ပျေက်ဆေးတွေကို အလွယ်တစ်ကူမသောက်ပါနဲ့။ခေါင်းကိုက် ပျေက်ဆေးတွေကိုကြားကြားသောက်ရင် နောက်ဆို ဆေးမတိုးတဲ့အခြေနေတစ်ခုကို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် အာရုံကြောလား၊ စိတ်ဖိစီးမှုလား၊ ဆိုတာကိုတော့ သေချာဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးထိုးဆေး သောက် ပြုလုပ်မှအဆင်ပြေမှာဖြစ်ပါတယ်။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။