"အိမ်ထောင်ပြုပြီး ကွဲသွားရင် တစ်ခုလပ်ဖြစ်မှာ စိုးတယ်" ဆိုတဲ့ သဥ္ဇာဝင့်ကျော်

အနုပညာလောကရဲ့ နာမည်ကြီးဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သလို ပရိသတ်အချစ် မင်းသမီးသဥ္ဇာဝင့်ကျော်ကို သူမရဲ့ လက်ရှိအချစ်ရေးနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့……

'' သဥ္ဇာ အချစ် ရေးက အေးပါဘဲ ။ အိမ်ထောင်ပြုဖို့တော့ စိတ်ကူးမရှိသေးဘူး ။ အိမ်ထောင်ပြုရမှာလည်း ကြောက်တယ်။ အိမ်ထောင်ပြုပြီး ကွဲသွားရင် တစ်ခု လပ်ဖြစ်မှာလည်း စိုးရိမ်တယ်။ အနုပညာရှင်ဆိုတော့ လူအများ လက်ညိုး ထိုး ခံရမှာလေ။ အပျို ဘဝမှာတောင် နည်းနည်းလေး လူငယ် သဘာဝ ကဲတာေ တာင် အ ရမ်းပြောကြတယ် ။ တစ်ခုလပ်ဖြစ်ရင် ပိုပြောခံနေရမယ် ။ မယူ ခင် သေချာစဉ်းစားတယ်။ ဖျက်လို့မရတဲ့ အိမ် ထောင်ရေးကိုလုပ်ပြီးမှ ပျက် ရင်မကောင်းဘူး သေချာစဉ်းစားရမယ်။ မိဘတွေကလည်းရှိသေးတယ်။ လူပျို လူလွတ်ဆိုလို့ သဥ္ဇာပဲ ကျန်တာဆိုတော့ မိဘကို ကျွေးမွေး ပြုစုချင်သေးတယ် ။ အပျိုကြီးတော့ မလုပ်ဘူး ။ အိမ်ထောင်ပြု တာနောက်ကျ ရင်လည်း ကျမယ် ။ ကိုယ့်အရှေ့မှာ အိမ်ထောင်ရေး ကွဲတာတွေမြင်ထားရတော့ ကွဲမှာ ကြောက် တယ်'' လို့ ပြောပါတယ်……

လက်ရှိမှာတော့ သဥ္ဇာဝင့်ကျော်ဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ရွှေကြာ" ဇာတ်ကားမှာ စံထားညို နေရာက သရုပ်ဆောင်မယ်လျက်ရှိနေတယ်လို့ သိရပါတယ်………

Source:Akone thi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။