အကောင်လေးတွေ ထဲမှာအိမ်မွေးတိရစ္ဆာန်လေးတွေပါ ပါဝင်ပါတယ်။ခွေးကလေးတွေဖြစ်ဖြစ် ကြောင်ကလေး တွေဖြစ်ဖြစ် မတော်တဆ ကိုက်မိထိမိလို့ရှိရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဖော်ပြပေးမှာဖြစ် ပါတယ်။တိရစ္ဆာန်လေးတွေ အကိုက်ခံရရင် လက်ကို ဆပ်ပြာနဲ့သေချာဆေးပြီးမှ ဒဏ်ရာကိုကိုင်ပါ။လက်ဟာ ပိုးမွားလေးတွေကပ်နေတာမို့ လက်ကိုသန့်ရှင်းပြီးမှကိုင်ပေးဖို့လိုပါတယ်။ ဒါမှ ဒဏ်ရာကနေ ပိုးဝင်ပြီး အနာတွေ ဖြစ်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ပြီးတော့ ထွက်နေတဲ့သွေးကိုအရင်ဆုံးတိတ်အောင်လုပ်ပေးရပါမယ်။ ပတ်တီးစသန့်သန့်လေးနဲ့ အနာကို ခပ်ဖွဖွ လေးဖိပေးထားပါ။ပတ်တီးနဲ့ မစည်းခင် အနာကို ဆေးပေးပါ။ တိရစ္ဆာန်တွေရဲ့ သွားတွေမှာ ဘက်တီးရီးယားတွေ ကပ်နေတာမို့ ပိုးမွားသန့်စင်တဲ့ ဆပ်ပြာနဲ့ဆေးရင်ပို စိတ်ချရပါတယ်။ ပြီးတော့ အနာကို ဆားနဲ့ရေနွေးသုံးပြီး တော့လည်း ဆေးကြောပေးလို့၇ပါတယ်။ 

ပြီးတော့ ဆေးခန်းကိုသွားပြီး မေးခိုက်ဆေးထိုးကိုထိုးပေးရပါမယ်။ ဒီနေရာမှာ အိမ်မွေးထားတဲ့တိရစ္ဆာန်လေး တွေ ဆိုရင် ကာကွယ်ဆေးတွေထိုးထားတာ စိတ်ချရပါတယ်။ခွေးရှုပြန်ကာကွယ်ဆေးကတော့ ခွေး၊ ကြောင်၊ လင်းနို့ ရှဉ့်၊မျေက်၊ စတဲ့ တိရစ္ဆာန်တွေကိုက်ခံရရင်တော့ ထိုးကိုထိုးသင့်ပါတယ်။ဒါကြောင့် အိမ်မှာရှိတဲ့ ကလေးတွေကိုလည်း တိရစ္ဆာန်လေးတွေအနားကိ အရမ်းမကပ်ဖု့ိ ဂရိုစိုက်ပေးရပါမယ်နော်။ အားလုံးကျန်းမာ ကြပါစေ။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။