ဒီအကောင်လေးတွေကိုတော့ ဂျာဘိုးအာ လို့ခေါ်ပါတယ်။ အာဖရိကမြောက်ပိုင်း ၊ အာရှအရှေ့ပိုင်း ၊ တရုတ်နိုင်ငံမြောက်ပိုင်း နဲ့ မန်ချူးရီးယားနယ်တွေက အပူပိုင်းသဲကန္တာရတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ခြေနှစ်ဖက်ပဲ ရှိသယောင်ပါ။ တကယ်တော့ အခြားအကောင်ငယ်လေးတွေလိုပဲ ခြေလက် ၄ဖက် ရှိပါတယ်။ ရှေ့ခြေက နောက်ခြေထက် ၆ဆက တိုနေလို့ပါ။

ထူးခြားတာက သူ့ရဲ့အမြီးပါ။ ပုံမှန်အားဖြင့် ၁၀လက်မခန့် ရှိတာကြောင့် တစ်ကိုယ်လုံးအရှည်(၈လက်မ) ထက် ပိုရှည်ပါတယ်။ ခုန်တဲ့အခါမျိုးမှာ အမြီးရော နောက်ခြေထောက်ကိုပါ အောက်ဘက်ကိုထောက်ပြီး အားယူခုန်လေ့ရှိပါတယ်။ သူတို့အဓိက ကြောက်ရတဲ့ အကောင်ကတော့ ဇီးကွက်ပါ။ ဘာလို့လဲဆိုတော့ ဂျာပိုးအာကောင်လေးတွေဟာ နေ့ဘက်မှာ မြေအောက်တွင်အိပ်စက်ပြီး ညဘက်မှသာ အစာရှာလေ့ရှိလို့ပါ။

ဒါပေမယ့် ဂျာပိုးအာတွေမှာ ထက်မြက်တဲ့အကြားအာရုံရှိပြီ လျှင်မြန်စွာ သွားလာတတ်တာကြောင့် သူတို့ကိုမိဖို့တော့ ခက်ပါတယ်။ အကောင်ငယ်ပေမယ့် တစ်နာရီကို ၁၅မိုင်နှုန်းသွားနိုင်တဲ့အထိ မြန်ပါတယ်။ ဒီအကောင်လေးတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၆နှစ် ဖြစ်ပါတယ်။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။