အင်္ဂလန်ဘောလုံးလောကရဲ့တတိယမြောက်အဆင့်မြှင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ကာရာဘောင်ဖလားပြိုင်ပွဲ

ဟာတတိယအဆင့်ကိုရောက်ရှိလာပါပြီ။တတိယအဆင့်ရောက်နေတဲ့အချိန်မှာပရိတ်သတ်တွေ

စိတ်အဝင်စားဆုံးပွဲတစ်ပွဲဖြစ်တဲ့လီဗာပူးအသင်းနဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ကတော့

ပရိတ်သတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

နှစ်သင်းလုံးကတော့ဒီနှစ်ရာသီမှာအကောင်းဆုံးခြေစွမ်းတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

လီဗာပူးအသင်းကလည်းအကောင်းဆုံးခြေစွမ်းတွေနဲ့အသင်းတိုင်းကိုအကောင်းဆုံးခြေစွမ်းပြပြီး

အမှတ်ပေးဇယားကိုဦးဆောင်နေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းကလည်းနည်းပြသစ်ဆာရီရဲ့

လက်အောက်မှာအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နှစ်သင်းလုံးရဲ့တွေ့ဆုံမှုတိုင်းမှာအကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အတွက်ဒီပွဲကတော့

ပရိတ်သတ်တွေကိုရသတွေပေးနိုင်မှာအသေချာပဲဖြစ်ပါတယ်။လီဗာပူးအိမ်ကွင်းမှာကန်တဲ့

အကြိမ်တိုင်းမှာလည်းချယ်လ်ဆီးအသင်းဟာရလဒ်ကောင်းတွေယူနိုင်တာပါ။ဒီနေ့ည၁နာရီ၁၅မှာ

ယှဉ်ပြိုင်ကစားမယ့်ကာရာဘောင်ဖလားတတိယအဆင့်ပွဲမှာပါပူးကပဲအိမ်ကွင်းမှာအနိုင်ယူသွားမလား

ချယ်လ်ဆီးကပဲနိုင်သွားမလားဆိုတာကတော့စောင့်မျှော်အားပေးကြပါဦးနော်။

PHOTO:Chelsea Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။